ဖေ့ဘွတ်မှာ ခေတ်စားနေတဲ့ နတ်သားရဲ့ ဖြစ်ရပ်မှန်

_________________________________________________________

ကောင်းကင်ပေါ်က ပြုတ်ကျလာတဲ့ နတ်သားဆိုပြီး လူသိများနေတဲ့ သူဟာတကယ်တော့ နတ်သား မဟုတ်ဘဲ.....
ပြတိုက်မှာထားတဲ့ အရုပ်ဖြစ်ပါတယ်။ ထိုအရုပ်ဟာ နတ်သားနှင့် ပုံသဏ္ဌာန် အရမ်းတူလွန်းတဲ့ အတွက်ကြောင့် သတင်းအမှားကြီး ထွက်ပေါ်လာကာ နိုင်ငံတကာမှာ လူသိများသွားခဲ့ပါတယ်။ လန်ဒန်မှာ နေ့လည် ၁:၅၀ က ပြုတ်ကျလာတယ်ဆိုတဲ့ သတင်းစာမဟုတ်မမှန်ခဲ့ပါဘူး။

အဲ့ဒီအရုပ်ကို ပေကျင်းက ဇနီးမောင်နှံဟာ ၂၀ဝ၈ ခုနှစ်ကတည်းက ထုလုပ်ထားခဲ့တဲ့ ရုပ်ထုဖြစ်ပြီး သူတို့ဟာ ထိုရုပ်ထုကဲ့သို လူသားနှင့် အရမ်းတူတဲ့ ရုပ်ထုတွေကို ပြုလုပ်တဲ့ အနုပညာရှင်တွေပဲဖြစ်ကျပါတယ်။

အဲ့ဒီသတင်းက ပိုပြီးနာမည်ကြီးသွားရတဲ့ အကြောင်းအရင်းဟာလည်း နာဆာကနေ ပြီးတော့ လူသားမျိုးစိတ်လိုမျိုး သက်ရှိတွေ နေထိုင်တဲ့ ကမ္ဘာလိုမျိုး ဂြိုဟ် တစ်ခုကိုရှာတွေ့ခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အံ့သြစရာကြီးနော်။
myanmarload
Loading...