သမိုင်းလမ်းဆုံမှနာမည်ဆိုးဖြင့်ကျော်ကြားသောဆိုင်

Loading...
_________________________________________________________
 ပခုံးကိုအတင်းဖက်ပြီး ဆိုင်အတွင်းဘက်ကိုခေါ်သွားတယ် ကိုယ်ကလည်းအားနာတော့ ခဏတော့ကြည့်လိုက်ပါဦးမယ်ဆိုပြီးကြည့်တာပေါ့
ဟိုတစ်ခါFBမှာအကိုတစ်ယောက်တင်ဖူးတယ်ဒ်ီဆိုင်အကြောင်းကို
ဒီနေ့ မှကိုယ်တိုင်ကြုံရတော့တယ်
ဆိုင်အကူနှစ်ယောက်ရှိတယ် ခပ်ငယ်ငယ်တစ်ယောက်ကတော့ အေးအေးဆေးဆေးပါ အကြီးကောင်ကပစ္စည်းတွေလိုက်ပြတယ် ကိုယ့်ဘာကိုယ်ကြည့်ပါမယ် လိုအပ်မှခေါ်မေးပါမယ်ဆိုတာကိုမရဘူး မကြိုက်မှန်းမသိ ကြိုက်မှန်းမသိတစ်ခုပြီးတစ်ခု ကိုထုတ်ပြနေတော့တာပဲ
စိတ်ညစ်လို့  မဝယ်တော့ဘူးဆိုပြီး လှည့်ပြန်မလို့ လုပ်တော့ ပခုံးကိုအတင်းဖက်ပြီး ဆိုင်အတွင်းဘက်ကိုခေါ်သွားတယ် ကိုယ်ကလည်းအားနာတော့ ခဏတော့ကြည့်လိုက်ပါဦးမယ်ဆိုပြီးကြည့်တာပေါ့ ပြီးတော့ အကျီ င်္တစ်ထည်ကိုထုတ်ပြပြီး မယူပါဘူးဆိုတဲ့ဟာကို အတင်းအိတ်လာထဲထည့်ပြီး ကောင်တာမှာသွားတင်ထားတယ် ကိုယ်လည်းစိတ်ကပေါက်လာတာနဲ့ ပြန်မယ်ကွာဆိုလုပ်တော့ အဲ့ငနဲ က လူမိုက်ရုပ်နဲ့ဆိုင်ရှင်ကိုလှမ်းခေါ်တော့ ဆိုင်ရှင်ကအရှေ့
မှာလာပိတ်ရပ်နေတယ်( ထွက်ရင်ထိုးမဲ့ဆိုက်နဲ့ )
အဲ့ဒါနဲ့ သူငယ်ချင်းတွေကို ဖုန်းဆက်ပြီးလှမ်းခေါ်သလို လုပ်တော့မှ ဖယ်ပေးတာ ဒါတောင်ဆိုင်ကထွက်ခါနီးတော့ အပေါက်ဝမှာထပ်ပိတ်နေသေးတယ် ထွက်လာတော့ နောက်ကနေ လူမိုက်စကားပြောပြီးကျန်ခဲ့တယ်
ကဲ အားလုံးစိတ်ဝင်စားရင် အဲ့ဆိုင်ကိုသွားပြီးအကဲစမ်းကြည့်ပေါ့ဗျာ
ကျနော်ကတော့ တယောက်တည်း ရန်ဖြစ်လည်း အများနဲ့တစ်ယောက်ကိုယ်ပဲခံရမှာမို့ လို့  စိတ်လျှော့ ပြီးပြန်ခဲ့ရတယ်ဗျာ

Loading...