Breaking News


ယာဉ်တိုက်မှုဖြင့်ဆေးရုံတက်နေရသည့်မင်းနိုင်ထွန်း ကွယ်လွန်


Loading...

ယာဉ်တိုက်မှုဖြင့်ဆေးရုံတက်နေရသည့်မန္တလေးအခြေစိုက် ယူနိုက်တတ်ကလပ်မှ လူငယ်လက်ဝှေ့ကျော်မင်းနိုင်ထွန်းသည် ပြီးခဲ့သည့်သောကြာညက ဆိုင်ကယ်စီးနှင်းစဉ် မော်တော်ယာဉ် နှင့်တိုက်မိခြင်းကြောင့်ရရှိသည့်
ဒဏ်ရာဖြင့် ယနေ့ (နိုဝင်ဘာလ၂၃ရက်)
ည ၁၁နာရီခန့်တွင် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်သွားကြောင်းသိရသည်။မန္တလေးဆေးရုံကြီးတွင် မင်းနိုင်ထွန်းကို အနီးကပ်ပြုစုစောင့်ရှောက်
နေသည့် ပထမတန်းလက်ဝှေ့ကျော်ဟောင်း မြနန်းတော်၏ပြောကြားချက်အရ မင်နိုင်ထွန်းမှာ ယာဉ်တိုက်မှုကြောင့် လည်ပင်းရိုးကျိုးခဲ့ပြီး ဦးနှောက်မှာလည်း အထိအခိုက်များခဲ့ကာ ဆေးရုံတတ်ရသည့်အချိန်မှစပြီးသတိပြန်လည်လာခြင်းမရှိခဲ့ကြောင်းသိရသည်။
ယူနိုက်တတ်ကလပ်မှမင်းနိုင်ထွန်းသည်အသက် ၁၈နှစ်အရွယ်သာရှိသေးသော်လည်း ရိုးရာလက်ဝှေ့ပွဲပေါင်း ၄၀ကျော်ထိုးသတ်ခဲ့ပြီးဖြစ်သည်။မင်းနိုင်ထွန်း နောက်ဆုံးထိုးသတ်ခဲ့သည့်ပွဲစဉ်မှာ ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် စိန်မျိုးအောင်နှင့်ယှဉ်ပြိုင်ခဲ့သောပွဲဖြစ်သည်။
WLC မှလည်း ရိုးရာလက်ဝှေ့ တွင်ထွန်းတောက်
လာမည့် ကြယ်တပွင့်ကြွေလွင့်ရခြင်းအတွက်
မိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲရပါသည် ။
Credit မြန်မာ့သတင်းထူးများ
Loading...