Breaking News


ယောင်္ကျားလျာက ချစ်သူ မိန်းကလေးကို ဓားနဲ့ထိုးသတ်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်

Loading...


လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်း စက်မှုဇုန်မှာ နိုဝင်ဘာလ ၁၅ ရက် (ယနေ့) မနက် ၇ နာရီလောက်က ယောင်္ကျားလျာ ဖြစ်သူက ချစ်သူမိန်းကလေးကို ဓားနဲ့ထိုးသတ်ပြီး ကိုယ့်ကိုကိုယ်လည်း ဓားနဲ့ထိုးပြီး အဆုံးစီရင်ခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
သေဆုံးခဲ့သူ နှစ်ဦးက ရခိုင်ရိုးလေးကျေးရွာမှာ နေထိုင်တဲ့ အသက် ၁၈ နှစ်အရွယ် မသီတာမွန်နဲ့ အသက် ၂၀ အရွယ် ယောင်္ကျားလျာဖြစ်သူ မဇင်မာဝင်း(ခ)ဘုတ်ဆုံတို့ ဖြစ်ပြီး ရွှေလင်ပန်းစက်မှုဇုန်ရှိ ဂျပ်ဘရားသား ဖိနပ်စက်ရုံကျိုအလုပ်သွားတုန်းမှာ နှစ်ဦးစကားများ ရန်ဖြစ်ခဲ့ရင်း ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
“ယောင်္ကျားလျာက ရန်ပြုနေတယ်လို့ သေဆုံးသူ ကောင်မလေးက သူ့အမေဆီ ဖုန်းဆက်တိုင်နေချိန် ယောင်္ကျားလျာက အသင့်ပါလာတဲ့ ကြက်သွန်လှီးဓားနဲ့ ဆင့်ထိုးခဲ့တယ်။ ပြီးတော့ သူ့ကိုယ်သူ ဓားနဲ့ပြန်ထိုးပြီး အဆုံးစီရင်ခဲ့တာလို့ ပတ်ဝန်းကျင် နေသူတွေထံက စုံစမ်းသိရှိရတယ်”လို့ လှိုင်သာယာ မြို့မရဲစခန်းမှ ရဲအရာရှိက ပြောပါတယ်။
ဓားနဲ့ဆင့်ထိုးခံရတဲ့ မသီတာမွန်က ရင်ညွန့်မှာထိုးသွင်းဒဏ်ရာတစ်ချက်၊ ညာရင်ဘတ် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ကျောကုန်းမှာ ထိုးသွင်းဒဏ်ရာ သုံးချက်နဲ့ ရွှေလင်ပန်း စက်မှုဇုန်ထဲက ဦးရွှေဘင်လမ်းပေါ်မှာ လဲကျသေဆုံးခဲ့ပြီး ယောင်္ကျားလျာဖြစ်သူ မဇင်မာဝင်း(ခ) ဘုတ်ဆုံကလည်းကိုယ့်ကိုကိုယ် ဓားနဲ့ ပြန်ထိုးခဲ့လို့ ဘယ်ဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ တစ်ချက်နဲ့ သေဆုံးခဲ့ပါတယ်။
Source : The Voice
Loading...