Breaking News


ဘော်ဒါဆောင်၌ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး


Loading...

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့နယ် နားခမ်းကျေးရွာရှိ တက္ကသိုလ်ကျောင်းသားများငှားရမ်းနေထိုင်သည့်ဘော်ဒါဆောင်တစ်ခု၌ နိုဝင်ဘာ ၂၉ရက် ညနေ ၅နာရီခန့်က အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။

အဆိုပါနေ့က ကျိုင်းတုံတက္ကသိုလ်အနီးရှိ ဘော်ဒါဆောင်ပိုင်ရှင်ဖြစ်သူ အသက် ၄၈ နှစ်အရွယ် အမျိုးသားသည် မူးယစ်ဆေးကြောင်ကာ တက္ကသိုလ်ကျောင်းသားများနေထိုင်သော အခန်းတစ်ခုအတွင်းရှိ ထုတ်တန်း၌ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ ဒုတိယစခန်းမှူးရဲအုပ်ကျော်မိုးက ပြောကြားသည်။

"အနှစ်၂၀ကျော်လောက်ကတည်းက မူးယစ်ဆေးသုံးလာတာကနေ မူးယစ်ဆေးဖြတ်ထားတာ မကြာသေးဘူး။ အိမ်ကနေပျောက်သွားတာလဲ သုံးရက်လောက်ရှိလို့ ရွာကလူတွေကရှာနေရင်းက အိမ်ဝိုင်းထဲကဘော်ဒါဆောင်အခန်းထဲမှာ ကြိုးဆွဲချသေဆုံးနေတာတွေ့ရတာ။တက္ကသိုလ်တွေက စာမေးပွဲပြီးသွားပြီဆိုတော့ ကျောင်းသားတွေတော့ မရှိတော့ဘူး"ဟု ၎င်းကဆိုသည်။

ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်၊ မဟုတ်သိရှိရန် သေဆုံးသူ ဦးရှဲမင်ဆိုသူကို ကျိုင်းတုံဆေးရုံကြီးသို့ ပေးပို့ကာ စစ်ဆေးနေကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။
http://thevoicemyanmar.com/news/4040-crime
Loading...