ခြေထောက်မှာ ဗုဒ္ဓပုံတက်တူးထိုးထားတဲ့ အီတလီနိုင်ငံသားကို ပြည်နှင်ဒဏ်ပေး


_________________________________________________________

မန္တလေးမြို့ကို အလည်အပတ်ရောက်လာတဲ့ အီတလီနိုင်ငံသား ခရီးသွားတစ်ဦးခြေရဲ့ ခြေထောက်မှာ ဗုဒ္ဓပုံတော်တက်တူး ထိုးထားတာတွေ့ရလို့ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ် ၆ ရဲစခန်းမှာ ခေါ်ယူစစ်ဆေးပြီး ချက်ချင်း ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ သိရပါတယ်။
“မနေ့ကစစ်ဆေးပြီး ဒီနေ့မနက်ပိုင်းမှာ ပြည်နှင်ဒဏ်ပေး လိုက်တာပါ၊ ဒီကနေရန်ကုန်ကိုပို့ပြီး အဲဒီကနေမှ သူတစ်ဆင့်လာခဲ့တဲ့ နိုင်ငံကိုပြန်ပို့မှာပါ"လို့ ချမ်းအေးသာစံမြို့နယ်အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
နိုဝင်ဘာလ ၆ ရက်က မန္တလေးမြို့ ၂၇ လမ်း နဲ့ ၂၈ လမ်းကြား၊ ၈၇ လမ်း နဲ့ ၈၈ လမ်းကြားက ဟိုတယ်တစ်ခုမှာတည်းခိုနေတဲ့ အီတလီနိုင်ငံသား မိုလာမစ်ချယ် (၃၄) နှစ် ရဲ့ ဝဲဘက်ခြေသလုံးအပြင်ဘက်မှာ ဗုဒ္ဓပုံတူ တက်တူးထိုးထားတာကိုတွေ့ရလို့ ကမ္ဘာလှည့်ခရီးသွား လုံခြုံရေးတပ်ဖွဲ့စုက နိုဝင်ဘာ ၇ ရက်ညနေပိုင်းမှာ  ခေါ်ယူစစ်ဆေးခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာ ပြည်နှင်ဒဏ် ပေးလိုက်တာပါ။
Source : Yangon Time