Breaking News

အသက်၁၂နှစ်အရွယ် အမျိုးသမီးငယ်အား မုဒိမ်းကျင့်မှုဖြစ်ပွား




Loading...
----------------------------



ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် င/ရဗက်ချိုင်ကျေးရွာတွင် အသက်(၁၂)ခန့်အရွယ်ရှိ အမျိုးသမီးငယ်အား ၄င်းကျေးရွာတွင်နေထိုင်သူ(အမည်မသိသေးပါ) အသက်ငါးဆယ်ကျော်ခန့်အရွယ်ရှိ သင်္ကန်းဝတ်ထားသော လူတစ်ဦးမှ မုဒိမ်းမှုကျူလွန်ခဲ့ရာ ၄င်းကျေးရွာသူ/သားများမှ ဝိုင်းဖမ်းပြီး ဦးလှမောင်သာ စက်လှေဖြင့် ပေါက်တောမြို့သို့ ပို့ဆောင်ခဲ့ပါသည်။
ပေါက်တောမြို့ဆိပ်ကမ်းသို့ အတက်တွင် ပေါက်တောမြို့သူ/သားများက မုဒိမ်းကောင်အား ဝိုင်းဝန်း သတ်ပုတ်ကြရာ ရဲများကထိမ်းသိမ်းလိုက်ပြီး ပြည်သူတွေနဲ့ ထိပ်တိုက်မတွေ့ရအောင် သုံးဘီးဖြင့် ခေါ်ဆောင်သွားပါသည်။
မုဒိမ်းကောင်သည် ပေါက်တောမြို့ပေါ်တွင်လည်း လူဝတ်နဲ့ အလှူခံလေ့ရှိသည်ဟု သိရှိသူများက ပြောကြားပါသည်။
ရခိုင်ပြည်အတွင်းရှိ ပေါက်တောမြို့နယ်သည် သက်ငယ်မုဒိမ်းမှု ဆက်တိုက်ဖြစ်ပွားနေပါသဖြင့် သက်ဆိုင်ရာမှ ထိထိရောက်ရောက်အရေးယူပေးပါရန် တင်ပြအပ်ပါသည်
from - ဇော်မင်းဦး fb
Via - Ye Lin Aung
Loading...