Breaking News


အသင်းနည်းပြရဲ့ သမီးကြောင့် အိမ်ကွင်းကစားခွင့် အပိတ်ခံလိုက်ရတဲ့ ဘောလုံးအသင်း


Loading...

ဘရာဇီးကလပ်အသင်း ဂရီမီယိုဟာ အသင်းနည်းပြရဲ့ သမီးဖြစ်သူကြောင့် ဒဏ်ငွေလည်း ပေးဆောင်ခဲ့ရပါတယ်။
ဘရာဇီးကလပ်အသင်းများဖလား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ ဂရီမီယိုအသင်းဟာ အနိုင်ရခဲ့ပေမဲ့ အသင်းနည်းပြရဲ့ သမီးဖြစ်သူကြောင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံလိုက်ရပါတယ်။
play
ဂရီမီယိုအသင်းဟာ ဆီမီးဖိုင်နယ်မှာ ပြိုင်ဘက် ခရူဇီယိုအသင်းကို အနိုင်ရပြီးတဲ့နောက် အသင်းနည်းပြ ရီနေတိုဂူချိုက သမီးဖြစ်သူနဲ့ အတွင်းကွင်းအတွင်း အောင်ပွဲခံခဲ့လို့ ပြစ်ဒဏ်ချခံလိုက်ရတာပါ။  ပြိုင်ပွဲစည်းမျဉ်းကို ချိုးဖောက်ပြီး နှစ်ဖက်အသင်းဘောလုံးသမားတွေနဲ့ အသင်းတာဝန် ရှိသူတွေ ရှိရာမျက်ခင်းပြင်အတွင်းကို သူစိမ်းဝင်ခွင့်ပေးခဲ့တဲ့အတွက် ဂရီမီယိုအသင်းဟာ ပြစ်ဒဏ်ချမှတ်ခံလိုက်ရတာ ဖြစ်ပါတယ်။
play

ဂရီမီယိုအသင်းကို ဗိုလ်လုပွဲမှာ အိမ်ကွင်းကစားခွင့်အပိတ်ခံလိုက်ရပြီး အဝေးကွင်းမှာသာ သွားရောက်ကစားဖို့ ဘရာဇီးအားကစား ခုံသမာဓိရုံးချုပ်က အမိန့်ချလိုက်တာဖြစ်ပါတယ်။ 
play
 

ဘရာဇီးပြည်တွင်းဖလား ပြိုင်ပွဲစည်းမျဉ်းအရ ဗိုလ်လုပွဲကို အိမ်ကွင်းအဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင် ကစားရတာဖြစ်ပါတယ်။ဒါပေမဲ့ ဂရီမီယိုအသင်းဟာ နည်းပြဂူချိုရဲ့ မော်ဒယ်ဖြစ်သူ သမီးကြောင့် အိမ်ကွင်းအခွင့်အရေး ဆုံးရှုံးရခဲ့တာပါ။ ဒါ့အပြင် စတာလင်ပေါင် ဒေါ်လာ ရှစ်ထောင်ခန့်ကိုလည်း ဒဏ်ငွေအဖြစ် ပေးရမှာပါ။

 ဂရီမီယိုအသင်းဟာ ဗိုလ်လုပွဲမှာ မင်နဲရိုးအသင်းနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။ နည်းပြရဲ့ သမီးဖြစ်သူ ကာရိုလီနာဟာ အသက် ၂၂ နှစ်အရွယ်ရှိ ကျောင်းသူတစ်ဦးဖြစ်ပြီး မော်ဒယ်အလုပ်ကိုလည်း လုပ်ကိုင်နေသူဖြစ်ပါတယ်။ သူမဟာ ဂရီမီယိုအသင်းကို နှစ်ပေါင်းများစွာ စွဲစွဲမြဲမြဲ အားပေးနေသူလည်း ဖြစ်ပါတယ်။ 

Source : The Sun
duwun
Loading...