ကျောင်းသားများအား မျက်လုံးတဘက်ပိတ် စာသင်ခိုင်းသည့် ဆရာမကို ၀ိုင်းဝန်းချီးကျူး (ရုပ်သံ)

Loading...
_________________________________________________________
 မျက်လုံးတဘက်တည်းနဲ့  နေထိုင်လုပ်ရှားရတာ ဘယ်လောက်ခက်ခဲသလဲဆိုတာ အသင်သိရင် သင်တို့အားလုံးအတွက်  မျက်လုံးတဘက်တည်းနဲ့ ဆယ်စုနှစ်များစွာ အလုပ်လုပ်ခဲ့တဲ့ တစုံတယောက်ကို သတိရလိုက်ပါ

ထိုင်းနိုင်ငံတောင်ပိုင်း ယာ့လားခရိုင် ယာ့လားမြို့  မူကြိုကျောင်းတစ်ကျောင်းမှာ ဒီလဆန်းပိုင်း ဒုတိယနှစ်ဝက် ကျောင်းစဖွင့်တဲ့ ရက်မှာ ကနုတ်ခွမ် အမည်ရှိဆရာမတဦးက ကျောင်းသူကျောင်းသားတွေကို မျက်လုံး တဘက်ပိတ်ခိုင်းပြီး ကျောင်းစာတွေလုပ်ခိုင်းခဲ့ပါတယ်။
ပြီးတော့ မျက်လုံးတဘက်တည်းနဲ့  နေထိုင်လုပ်ရှားရတာ ဘယ်လောက်ခက်ခဲသလဲဆိုတာ အသင်သိရင် သင်တို့အားလုံးအတွက်  မျက်လုံးတဘက်တည်းနဲ့ ဆယ်စုနှစ်များစွာ အလုပ်လုပ်ခဲ့တဲ့ တစုံတယောက်ကို သတိရလိုက်ပါဆိုပြီး ဆရာမက ကလေးများ မျက်လုံးတဘက်ပိတ် ဓာတ်ပုံနဲ့အတူ သူ့ရဲ့ (အမိမြေမှအသံ) လို့အဓိပ္ပာယ်ရှိတဲ့ အမည်နဲ့ လူမှုကွန်ရက်မှာ ဖြန့်ဝေလိုက်ပါတယ်။
အဲဒီ ဓာတ်ပုံတင်ပြီးတဲ့နောက် လူမှုအသိုင်းအ၀ိုင်းရဲ့ ချီးကျူးမှုကို ခံခဲ့ရပြီး သူမကလည်း ဒီလိုတ၏လုပ်ရတာဟာ နာမည်ကြီးချင်လို့မဟုတ်ဘဲ မျက်လုံးတဘက်တည်းနဲ့ တိုင်းပြည်ကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ ထိုင်းဘုရင်ကြီးရဲ့ ကျေးဇူးတော်ကို ကလေးတွေ အောင်းမေ့စေဖို့အတွက် တင်လိုက်ရတာလို့  ပြန်လည်ဖြေကြားသွားပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့က နတ်ရွာစံသွားတဲ့ ထိုင်းဘုရင်ကြီးဟာ အသက် ၂၀ အရွယ်က ဆွီဇာလန်နိုင်ငံမှာ ယာဉ်မတော်တဆထိခိုက်မှု ဖြစ်ပွားပြီးတဲ့နောက် ညာဘက်မျက်လုံးကွယ်သွားပြီး ကျောက်မျက်လုံးနဲ့ အစားထိုးခဲ့ရပါတယ်။
(မူရင်းခေါဝ်ဆွတ်သတင်းကို ဆီလျော်အောင်ဘာသာပြန်ပါသည်)
DVB

Loading...