Breaking News


ချင်းတွင်းမြစ်ထဲမှာ ကုန်တင်ရေယာဉ်တစ်စီး တိမ်းမှောက်


Loading...

မုံရွာမြို့ကနေ ဟုမ္မလင်းမြို့ကို ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်တဲ့ ကုန်တင်ရေယာဉ်တစ်စီးက ဒီနေ့(နိုဝင်ဘာ ၁၀ ရက်နေ့) မနက် ၉ နာရီ ၄၅ မိနစ်လောက်က ဟုမ္မလင်းမြို့နားမှာ တိမ်းမှောက်နစ်မြုပ်ခဲ့တယ်လို့ ဟုမ္မလင်းမြို့ မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်က The Voice သတင်းဌာနကို ပြောခဲ့ပါတယ်။


ဟုမ္မလင်းမြို့နားက ဥရုချောင်းနဲ့ ချင်းတွင်းမြစ်ဆုံတဲ့နေရာအရောက်မှာ ဥရုချောင်းရေစီးအားကြောင့် စက်လှေစောင်းပြီး သောင်နဲ့ညိကာ တိမ်းမှောက်ခဲ့ပေမယ့် လူသေဆုံးမှု မရှိဘူးလို့ သိရပါတယ်။


စက်လှေတိမ်းမှောက်တဲ့နေရာကို  အရပ်ဘက် အဖွဲ့အစည်းနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ရောက်ရှိလာပြီး ရေယာဉ်ပေါ်တွင်မှာပါလာတဲ့ ဆီပေပါနဲ့ ဆန်အိတ်တွေကိုလိုက်လံ ဆယ်ယူပေးနေတယ်လို့ ဦးအောင်ကျော်က ပြောပါတယ်။
Source & Photos : The Voice
Loading...