အပြာကားကြည့်တဲ့ ၁၄ နှစ်သားက ညီမရင်းကို အကြိမ်ကြိမ်မုဒိမ်းကျင့်

_________________________________________________________

ယူကေက အသက် ၁၄ နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ လိင်ဖျော်ဖြေရေးကားတွေကို ကြည့်မိရာကနေ ညီမရင်းဖြစ်သူကို အကြိမ်ကြိမ် အဓမ္မကျင့်ခဲ့မှု ယူကေမှာ ဖြစ်ပွားခဲ့ပါတယ်။


လိင်ဖျော်ဖြေရေးဇာတ်လမ်းတွေမှာ သွေးသားတော်စပ်သူချင်း လိင်စပ်ယှက်တာကို ကြည့်မိပြီးနောက် အသက် ၉ နှစ်အရွယ် ညီမငယ်ကို ၁၂ ကြိမ် အဓမ္မကျင့်ခဲ့တာပါ။
ကောင်လေးဟာ လိင်ဖျော်ဖြေရေးဇာတ်လမ်းတွေမှာ သွေးသားတော်စပ်သူချင်း လိင်စပ်ယှက်တာကို ကြည့်မိပြီးနောက် အသက် ၉ နှစ်အရွယ် ညီမငယ်ကို ၁၂ ကြိမ် အဓမ္မကျင့်ခဲ့တာပါ။ ကလေးက မိခင်ကို ပြန်ပြောတော့မှ မိခင်ကလည်း သိခဲ့ရတာဖြစ်ပါတယ်။
Cheltenham Magistrate’s တရားရုံးက အမှုကို ကြားနာစစ်ဆေးပြီးနောက်မှာ ကောင်လေးကို အပြစ်ရှိတယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ကောင်လေးကို လူငယ်ထိန်းကျောင်းရေးနေရာမှာ ၁၂ လကြာ နေထိုင်ဖို့နဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုမဖြစ်အောင် ငါးနှစ်ကြာ တားဆီးထားဖို့ ရုံးတော်က အမိန့်ချမှတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
Source : Independent
Duwun
Loading...