Breaking News


သားဖြစ်သူ မီးထဲမှာ သေဆုံးတာကို မြင်လိုက်ရတဲ့မိခင် ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့


Loading...

အင်္ဂလန်နိုင်ငံ၊ Sandbach မြို့မှာ နေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် ကယ်လီအန်းကာတာကို မီးလောင်ဒဏ်ရာတွေနဲ့ အိမ်အပြင်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး မီးလောင်နေတဲ့ အိမ်ထဲမှာ ရှိနေတဲ့ သား လူးကက်စ်နဲ့အတူ ဆေးရုံကို အမြန်ပို့ဆောင်လိုက်ရပါတယ်။
ဆေးတပ်သားတွေက ၈ နှစ်အရွယ်ကောင်လေးရဲ့ အသက်ကို ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး။
ယင်းဖြစ်ရပ်ဆိုးဖြစ်ပွားပြီး နောက်နှစ်ပတ်အကြာမှာ ကယ်လီအန်းဟာ သူ့ရဲ့ချစ်သူ အန်ဒီရဲ့အိမ်မှာ သေဆုံးနေခဲ့ပါတယ်။
"ကလေးက တစ်ဦးတည်းသော သားလေ။ ကယ်လီအန်းက ဘဝတစ်ခုလုံး သားပေါ်မှာပဲ ပုံထားတာ" လို့ ရင်းနှီးသူတစ်ဦးက ဆိုပါတယ်။
သူမဟာ သူ့ကိုသူ သတ်သေသွားပြီဖြစ်ကြောင်း သူမရဲ့အစ်မ ဂမ်မာကာတာက ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။
Source & Photos : Metro
duwun
Loading...