သက်ငယ်မုဒိန်းမှုတွေအပေါ် အိန္ဒြာကျော်ဇင်ရဲ့ ခံစားချက်



_________________________________________________________



ယခုရက်ပိုင်းမှာ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ သက်ငယ်မုဒိန်းမှုတွေနဲ့ ပတ်သက်လို့ မိခင်တစ်ဦးဖြစ်တဲ့ အိန္ဒြာကျော်ဇင် ကတော့ ထိရောက်စွာ အရေးယူပေးစေချင်တယ်လို့ ဆိုပါတယ်။ အဲဒီလို သတင်းတွေကြားရင် ဘယ်လိုမှ မခံစားနိုင်သလို သတင်းတွေကိုလည်း ဆက်မဖတ်ချင်တော့လောက်အောင် ခံစားရတယ်လို့ သူမက ပြောပါတယ်။


ဒီလိုမျိုး လူမဆန်တဲ့ လုပ်ရပ်တွေကို နောက်နောင် မလုပ်မိဖို့ ထိရောက်စွာ အရေးယူပေးဖို့ အပြစ်ပေးဖို့ ပြောချင် တယ်လို့ သူမက Popular News ကို ဖြေဆိုပေးထားပါတယ်။ သူမကတော့ လက်ရှိမှာ ဒါရိုက်တာ မောင်မျိုးမင်း ရိုက်ကူးထားတဲ့ "ကျွန်မအချစ်ဆုံး ယောက်ျား သုံးယောက် " ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။


အဲဒီဇာတ်ကားထဲမှာ သူမအနေနဲ့ အရွယ်သုံးမျိုးနဲ့ သရုပ်ဆောင်ထားပြီး သူမအနေနဲ့ အကောင်းဆုံး ကြိုးစားထားတယ်လို့ ဆိုပါတယ်။ အဲဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ ကိုရီးယားမင်းသမီးတစ်ယောက်ကို ခေါ်ယူရိုက်ကူး ထားတာဖြစ်ပြီး အိန္ဒြာကျော်ဇင် အနေနဲ့ ကိုရီးယားမင်းသမီးနဲ့အတူ အပြိုင်သရုပ်ဆောင်ရတဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

Loading...