Breaking News


အမြန်ရထားလာချိန် သံလမ်းပေါ် စတန့်ထွင်လှဲအိပ်သည့် ဆယ်ကျော်သက် ၂ ဦး (ရုပ်သံ)


Loading...


အသက်အန္တရာယ်များတဲ့ စတန့်ထွင်လို့ ဆယ်ကျော်သက် ၂ ဦးကို မီးရထားဌာန အကြီးအကဲတွေက အပြစ်ပေးအရေးယူဖို့ လိုက်လံရှာဖွေနေပါတယ်။
ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ ယူကျူ့မှာ “ကြိုက်နှစ်သူ”များအောင် ဆယ်ကျော်သက် ၂ ဦးက အမြန်ရထားရှေ့မှာ လှဲအိပ်ပြီး ရထားက ဆူဆူညံညံနဲ့ သူတို့ကိုဖြတ်ကျော်သွားတဲ့အထိ ရထားသံလမ်းမှာ နေပြတဲ့ အမတန်အသက်အန္တရာယ်များတဲ့ စွန့်စားခန်း ဗွီဒီယိုရုပ်သံမြင်ကွင်းကို ထိတ်လန့်စွာ မြင်ရမှာပါ။
ချက်ရီပက်ဘလစ်နိုင်ငံ မီးရထားဌာနရဲ့ အဆိုအရ ချက်နိုင်ငံရဲ့ အနောက်မြောက်ဘက်မြို့ဖြစ်တဲ့ အူစတီနက်ဒ်လဘမ်မှာ ဒီဗွီဒီယိုရုပ်သံကို ရက်ခဲ့တာလို့ သိရပါတယ်။
စတန့်ထွင်ခဲ့တဲ့နေရာက မီးရထားဌာနရဲ့ အရာရှိတွေက အကယ်၍မီးရထားသာ မြန်မြန်မောင်းနှင်ခဲ့ရင် ဆယ်ကျော်သက် ၂ ဦးကို ရထားတိုက် သေသွားနိုင်တယ်လို့ ပြောပါတယ်။
လူငယ် ၂ ဦးက ရထားသံလမ်းရှိရာကို ပြေးလာပြီး သံလမ်းကြားထဲမှာ လှဲအိပ်ချလိုက်တာကို ထိတ်လန့်ဖွယ် တွေ့ရပါတယ်။ စက္ကန့်ပိုင်းပိုင်းကြာပြီးတဲ့နောက် ရထားက သူတို့နားရောက်လာတာပါ။ ရထားကိုရပ်ဖို့ အချိန်မမှီနိုင်တော့လို့ ရထားမောင်းသူက ဟွန်းတီးပါတယ်။ စတန့်ထွင်တဲ့လူငယ် ၂ ဦးက ရထား သူတို့ကိုဖြတ်ကျော် ခုတ်မောင်းပြီးပြီးချင်း ခုန်ထပြေးပြီး သူတို့ရဲ့စွန့်စားခန်းကနေ ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့တာကို ရုပ်သံမြင်ကွင်းမှာ တွေ့ရမှာပါ။
မီးရထားဌာနက ကြီးကြပ်စစ်ဆေးသူ မာတင်ဒရာပယ်လ်က ဒီလူငယ်တွေက သူတို့လုပ်တဲ့အပြုအမူ ဘယ်လောက် အန္တရာယ်များတယ်ဆိုတာ မသိဘူးလို့ ပြောပါတယ်။ လူငယ် ၂ ယောက် လက်မတင်လေး အသက်ရှင်ခဲ့တာလို့လည်း ပြောပါတယ်။
“အကယ်၍လေတိုက်ရင် အဝတ်တွေက ရထားရဲ့အောက်ပိုင်းနဲ့ သွားညှိမယ် ရထားကလည်း ၁ နာရီကို ၃၇-၄၃ မိုင်နဲ့သာ မောင်းခဲ့ရင် သူတို့ သေနိုင်တယ်လို့” မာတင်က ရှင်းပြခဲ့ပါတယ်။
ချက်နိုင်ငံ မီးရထားဌာနက အခုအခါ လူငယ် ၂ ဦးကို ရှာဖွေနေပြီး ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မရက်က်လီရက်စ်က “သူတို့က ဥပဒေကို ချိုးဖေါက်ခဲ့တယ်၊ သူတို့ကို ဒဏ်ငွေ ပြစ်ဒဏ်ချနိုင်ပါတယ်” လို့ ချက်သတင်းဌာနကို ပြောခဲ့ပါတယ်။
ဒဏ်ငွေက ၆၅ ပေါင် မှ ၃၂၅ ပေါင်နဲ့ ညီမျှတဲ့ ချက်ငွေ ၂ ထောင်ကနေ ၁ သောင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
Loading...