Breaking News

ကင်ဆာသည်အစ်ကိုအတွက် အပျိုစင်ဘဝကို ရထားပေါ်မှာရောင်းချနေတဲ့ ကောင်မလေး

Loading...

မကြာသေးမီက တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တာပါ။ ဟန်ကျိုးမြို့က ရထားပေါ်မှာ အသက် ၁၉ နှစ်အရွယ် မိန်းမငယ်လေးတစ်ယောက်က သူမရဲ့အပျိုစင်ဘဝကို ရောင်းချလိုကြောင်း ဆိုင်းဘုတ်တစ်ခုကိုင်ကာ လမ်းလျှောက်နေခဲ့ပါတယ်။ သူမရဲ့အပျိုစင်ဘဝကို လိုချင်ပါက တရုတ်ယွမ်ငွေ နှစ်သိန်းနဲ့ ရောင်းချမှာဖြစ်ပြီး အပျိုစစ်ကြောင်း ဆေးရုံထောက်ခံချက်လည်းရှိတယ်လို့ ဆိုပါတယ်။

သူမရဲ့အပြုအမူကြောင့် ရဲတွေက ခေါ်ယူမေးမြန်းခဲ့ပါသေးတယ်။ တကယ်တော့ သူမဟာ သွေးကင်ဆာဖြစ်နေတဲ့ အစ်ကိုအတွက် ဆေးကုသစရိတ် လိုအပ်တာကြောင့် ယခုလို အပျိုစင်ဘ၀ကို ရောင်းချနေရခြင်းဖြစ်တယ်လို့ ထွက်ဆိုခဲ့တဲ့အတွက် ရဲတွေက သူမကို ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ အစ်ကိုကို ဆေးရုံတင်ထားရပေမဲ့ ဆေးကုသစားရိတ်ကိုလည်း မိသားစုက မတတ်နိုင်တာကြောင့် သူမရဲ့အပျိုစင်ဘဝကို မြို့ပေါ်တက်ပြီး ရောင်းချနေရတယ်လို့ မိန်းကလေးရဲ့အဖြစ်ဟာ မြင်ရသူတွေအဖို့ ရင်နင့်စရာ ဖြစ်နေရပါတယ်။
Source : NetEase
duwun
Loading...