Breaking News

အတူမနေချင်ဘူးလို့ ငြင်းဆန်တဲ့ ရည်းစားကို ဆေးလိပ်မီးနဲ့ ထိုးတဲ့အမျိုးသမီး




Loading...
----------------------------


အသက် ၄၅ နှစ်အရွယ် မီရှယ်ဝီလျံဆန်က သူမရဲ့ချစ်သူ အီရန်မက်ခ်နီရှောရဲ့ နှာခေါင်းကို ဆေးလိပ်မီးနဲ့ထိုးခြင်း၊ မီးပူနဲ့ ကပ်ခြင်း၊ သံတုတ်နဲ့ ရိုက်ခြင်း၊ မိုဘိုင်းဖုန်းနဲ့ ပစ်ပေါက်ခြင်း၊ တူနဲ့ထုခြင်းအပြင် ပေါင်ခြံထဲကို ပွက်ပွက်ဆူနေတဲ့ ရေနွေးပူတို့နဲ့ လောင်းချခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။
အင်္ဂလန်နိုင်ငံ၊ North East Lincolnshire၊ ဂရင်မ်စဘီမြို့ရှိ အတူနေခဲ့သည့် ၁၈ လအတွင်း မစ္စတာမက်ခ်နီရှောမှာ နံရိုးများ ကျိုးအက်ခြင်း၊ ဦးခေါင်ခွံ အက်ခြင်း၊ ပါးရိုးနဲ့ နှာခေါင်းကြိုးခြင်းတို့ ဖြစ်ပေါ်ခဲ့ပါတယ်။


"လုပ်ပြီးတိုင်း သူဘယ်တော့မှ နောင်တမရဘူး။ လုပ်ပြီးတာနဲ့ ကျွန်တော့်ကို စီးကရက်သွားဝယ်ခိုင်းတော့တာပဲ။ သူက အေးဆေးပဲ" လို့ မစ္စတာမက်ခ်နီရှောက ပြောပြပါတယ်။
သူတို့နှစ်ဦး တွေ့ဆုံချစ်ကြိုက်ပြီး ၄ လအကြာမှာ ယင်းသို့ နှိပ်စက်ညှင်းပန်းမှုတွေ စတင်ခဲ့တယ်လို့ ဆိုပါတယ်။
မစ္စတာမက်ခ်နီရှောက သူ့ရဲ့အရင် အချစ်ရေးအတွေ့အကြုံတွေကို မပြောပြတဲ့အတွက် သူမက စိတ်ဆိုးသွားတာ ဖြစ်ကြောင်း သိရပါတယ်။


အဲဒီနောက် မစ္စတာမက်ခ်နီရှောက အတူနေဖို့ ဆန္ဒမရှိကြောင်း ငြင်းဆန်လိုက်ချိန်မှာတော့ သူမရဲ့ဒေါသက ပိုပြီး ကြီးထွားသွားခဲ့ပါတယ်။
"ရှင်က ကျွန်မကို တကယ်မချစ်ဘူးပဲ။ အတူတူနေဖို့ အသင့်ဖြစ်အောင် လုပ်ပါ။ ရှင့်ကို ငါးမိနစ်ပေးမယ်" လို့ သူမက ပြောပြီး အချိန်ကို စတင်ရေတွက်ခဲ့ကာ စိတ်ဆိုးပြီး ဆေးလိပ်မီးနဲ့ပါ ထိုးခဲ့ပါတယ်။
တစ်ကြိမ်စိတ်ဆိုးတိုင်း သူမက မစ္စတာမက်ခ်နီရှောကို ပုံစံတစ်မျိုးနဲ့ နှိပ်စက်ခဲ့တာ ဖြစ်ပြီး အခုတော့ သူမဟာ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ထောင် ၇ နှစ် ကျခံသွားရပါပြီ။
Source & Photos : Metro
Duwun
Loading...