Breaking News


တဏှာရူးတဲ့ သူတွေကို ခဏခဏသေစေချင်တဲ့ စမိုင်းလ်


Loading...

မြန်မာနိုင်ငံမှာ သက်ငယ်မုဒိန်းမှုတွေနဲ့ ပတ်သက်ပြီး တနေ့တခြား များပြားလို့လာတာကို တွေ့ရပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ပြည်သူများနဲ့ အနုပညာများကလည်း သူတို့ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွေမှာ သက်ငယ်မုဒိန်းမှုတွေနဲ့ ပတ်သက်ပြီး သေဒဏ်ပေးဖို့ တောင်းဆိုရေးသားတာတွေလည်း ရှိလို့လာပါတယ်။

ဒါပေမယ့် စမိုင်းလ်ကတော့ သက်ငယ်မုဒိန်းမှုတွေဖြစ်အောင် ကျူးလွန်တဲ့ သူတွေကို သေဒဏ်ပေးဖို့ ထက် အဲ့လို တဏှာရူးတဲ့ သူတွေကို ခဏခဏသေစေချင်တယ်လို့ဆိုပါတယ်။ သေဒဏ်ပေးရင် တစ်ခါပဲသေရမှာ ဖြစ်တဲ့အတွက် သူတို့ကို ခဏခဏသေစေချင်တယ်လို့ 8days Journal မှာ ရင်ဖွင့်ထားပါတယ်။

အဲ့လိုမျိုးသူတွေကို တစ်သက်တစ်ကျွန်းလို ကြီးမြင့်တဲ့ ပြစ်ဒဏ်မျိုးသာမက ထောင်ထဲက လူတွေ တစ်စစီဖြစ်အောင် ဝိုင်းလုပ်ကြတာမျိုးကို ခံစေချင်တယ်လို့ ဆိုပါတယ်။ သူမလည်း မိခင်တစ်ယောက် ဖြစ်နေတဲ့အတွက် ကိုယ့်ရဲ့ သားသမီးတွေကို စိတ်ချရတဲ့ သူမျိုးနဲ့ သာထားဖို့ မသိတဲ့ သူတွေနဲ့ မလိုက်ဖို့ကိုလည်း တိုက်တွန်းပြောပြခဲ့ပါတယ်။
Source : 8days Journal
Photo  : စမိုင်းလ် ဖေ့စ်ဘွတ်
Loading...