ဘောလုံးဝင်ကန်တဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ် ချော်လဲပြီးလက်ကျိုး

_________________________________________________________



နိုဝင်ဘာလ ၇ ရက်နေ့က ပုသိမ်မြို့ကျောက်တိုင်ကွင်းမှာ ပြုလုပ်ခဲ့တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်အခမ်းအနား ဘောလုံးပြိုင်ပွဲမှာ ဘောလုံးဝင်ကန်ခဲ့တဲ့ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးမန်းဂျော်နီတစ်ယောက် ချော်လဲပြီး လက်ကျိုးသွားတယ်လို့ သိရပါတယ်။
အသက် ၇၅ နှစ်ရှိနေပြီဖြစ်တဲ့ ၀န်ကြီးချုပ်ဦးမန်းဂျော်နီက ဘောလုံးပွဲအစပိုင်းမှာဝင်မကစားပေမဲ့ ဒုတိယပိုင်းပြီးခါနီးအချိန်မှာ ၀င်ကစားရင်း ချော်လဲတဲ့အရှိန်နဲ့ လက်ပြင်ရိုးအက်တဲ့ ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။



"အသက်လည်းကြီးပြီဆိုတော့ ခြေမခိုင်ဘဲလဲကျတာပါ။ ကျောက်ပတ်တီးစည်းထားတယ်။ ရန်ကုန်မှာ လည်းဆေးသွားကုမယ်လို့ သိရတယ်လို့" တိုင်းဒေသကြီးအစိုးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ၀န်ကြီးချုပ်ဦးမန်းဂျော်နီက ပုသိမ်ဆေးရုံကြီးမှာ ဆေးကုသမှုခံခဲ့ပြီး နေအိမ်မှာ ပြန်လည်အနားယူနေပေမဲ့ နိုဝင်ဘာလ ၈ ရက်က ရန်ကုန်မြို့ကို ဆေးကုသဖို့ ထွက်သွားခဲ့တယ်လို့ သိရပါတယ်။
Source : The Voice
Loading...