Breaking News


အက်ႌမပါပဲ ကားမောင်းခဲ့တဲ့ အမျိုးသမီးကြောင့် လူတွေ အံ့သြတကြီး ဖြစ်ခဲ့ရ


Loading...

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရိစ်လမ်းထက်တစ်နေရာမှာ ကားမောင်းနေတဲ့ အမျိုးသမီးတစ်ဦးရဲ့အဖြစ်ဟာ လူမှုကွန်ယက်နဲ့ အင်တာနက်မှာ လူသိများလာခဲ့ပါတယ်။


အကြောင်းကတော့ သူမဟာ နေ့ခင်းကြောင်တောင် လမ်းမထက်မှာ အင်္ကျီချွတ်ပြီး ကားမောင်းနေခဲ့လို့ ဖြစ်ပါတယ်။ သူမကိုယ်သူမ ပြန်ရိုက်ထားတဲ့ ဗီဒီယိုဖိုင်အရ ကားထဲမှာ မြူးကြွတဲ့ သီချင်းတစ်ပုဒ် ဖွင့်ထားတဲ့ သူမက သီချင်းအလိုက်နဲ့အတူ ကခုန်နေခဲ့ပါတယ်။ အင်္ကျီချွတ်ပြီး ကားမောင်းနေတယ်ဆိုပေမယ့် ကားမောင်းရာမှာ အရေးကြီးတဲ့ စည်းမျဉ်းဖြစ်တဲ့ ခါးပတ် ပတ်ထားဖို့ကိုတော့ သူမမမေ့ခဲ့ပါဘူး။




သူမရဲ့ ကားနံဘေးဖြတ်သွားတဲ့ ဆိုင်ကယ်အချို့နဲ့ ကားအချို့က သူမရဲ့အဖြစ်ကိုသတိထားမိပြီး စူးစူးစိုက်စိုက် ကြည့်သွားခဲ့ကြပေမယ့် သူမကတော့ ဂရုစိုက်ပုံမရပါဘူး။ ဒီဗီဒီယိုဖိုင်ဟာ အာဂျင်တီးနား ပြည်တွင်းသတင်းဝက်ဘ်ဆိုက်တွေနဲ့ WhatsApp လူမှုကွန်ယက်ပေါ်မှာ နာမည်ကျော်လာတာ ဖြစ်ပါတယ်။
Source : Mirror


Duwun
Loading...