Breaking News


ဦးခေါင်းပုံစံမမှန်ဘဲမွေးလာသည့်ကလေး ဘုရားအဖြစ်သတ်မှတ်ခံရ


Loading...

ဂျလန်ဒါးလို့ခေါ်တဲ့ အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ်မှာရှိတဲ့ ကလေးငယ်ဟာ မွေးကတည်းက ဦးခေါင်းပုံစံမမှန်ဘဲ မွေးဖွားခဲ့တာဖြစ်ပြီး နဖူးနေရာမှာဖောင်းနေပြီး ကျဉ်းမြောင်းတဲ့မျက်လုံးအစုံနဲ့ ဒီကလေးကို ပြည်နယ်မှာနေထိုင်တဲ့သူတွေက ဘုရားတစ်ပါးသဖွယ် လာရောက်ရှိခိုးကိုးကွယ်တာတွေပြုလုပ်နေကြပါတယ်။


အကြောင်းအရင်းကတော့ ကလေးငယ်ရဲ့ ဦးခေါင်းပုံစံမမှန်တာဟာ ဟိန္ဒူနတ်ဘုရားတစ်ပါးဖြစ်တဲ့ Ganeshaနဲ့ သွားရောက်တူနေလို့ဖြစ်ပါတယ်။ ကလေးငယ်ရဲ့သွင်ပြင်ဟာ အဆိုပါနတ်ဘုရားနဲ့ သွားရောက်ဆင်တူနေတာကြောင့် နယ်ခံလူတွေဟာ ကလေးရဲ့ရှေ့မှာ ဦးညွတ်ပြီး ဆုတောင်းတာတွေလဲရှိသလို ဆုတောင်းပြည့်တယ်လို့လဲပြောပါတယ်။

လာရောက်ရှိခိုးသူတစ်ဦးကတော့ အဆိုပါကလေးဟာ ထင်ရှားတဲ့ ဟိန္ဒူနတ်ဘုရား Ganeshaနဲ့ တစ်ပုံစံတည်းဖြစ်ပြီး ပြန်လည်ဝင်စားတာလို့ ဆိုပါတယ်။ ဂျလန်ဒါးကတော့ ဒါနဲ့ပတ်သတ်လို့ ပျော်ရွှင်နေပြီး သူငယ်ချင်းတွေနဲ့ဆရာမတွေရဲ့ ဂရုစိုက်မှုကြောင့်၊ သူ့ရဲ့ထင်ရှားမှုကြောင့် လက်ရှိချို့ယွင်းနေတဲ့ပုံစံကိုပဲ သဘောကျတယ်လို့ ပြောခဲ့ပါတယ်။

Source : viral4real

myanmarload
Loading...