Breaking News


စက္ကန့် ၃၀ လောက် ငိုကြွေးခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်

Loading...


အောက်တိုဘာလ ၅ ရက်နေ့က နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာမှာ ပြုလုပ်ခဲ့တဲ့ ကလေးစာပေပွဲတော် ဖွင့်ပွဲအခမ်းအနားကိုတက်လာတဲ့ နိုင်ငံတော်သမ္မတဦးထင်ကျော်က ဖခင်ဖြစ်သူဆရာကြီး မင်းသုဝဏ်ရဲ့ ကဗျာတွေ၊ စာတွေနဲ့ ပုံပြင်တွေအကြောင်း ပြောပြနေရင်း စက္ကန့်သုံးဆယ်လောက်ငိုကြွေးခဲ့တယ်လို့ သိရပါတယ်။
ကွယ်လွန်သွားတဲ့ ဆရာကြီးမင်းသုဝဏ်က ကလေးကဗျာနဲ့ ကလေးပုံပြင် ၄၀၀ ကျော်နဲ့ ငှက်တွေအကြောင်း ရေးသားသွားတယ်လို့ ပြောပြနေရင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က စကားပြောနေရင် ဆို့နင့်သံတွေပါလာကာ ရပ်တန့်သွားတာလို့ ဆိုပါတယ်။
“သားတို့သမီးတို့ကို ဘယ်လောက်ချစ်တယ်၊ သားတို့သမီးတို့ကို ဘယ်လောက် တန်ဖိုးထားတယ် ဆိုတာကို သိစေချင်လို့ပါပဲ။ ဒါပဲ သားတို့သမီးတို့နော်။ ကျေးဇူးတင်ပါတယ်” လို့ နိုင်ငံတော်သမ္မတကပြောရင်း အမှာစကားကို နိဂုံးချုပ်လိုက်တယ်လို့ သိရပါတယ်။
ကလေးစာပေတွေကတစ်ဆင့် ရိုးသားမှုတွေ၊ အားမန်သတ္တိတွေ၊ နိုင်ငံချစ်စိတ်တွေ မွေးဖွားပေးခဲ့တာဖြစ်လို့ အနာဂတ်နိုင်ငံတော်ရဲ့ သားကောင်းရတနာတွေကို ကလေးစာပေတွေ၊ ကလေးစာဖတ်ခန်းတွေ၊ ကလေးကဗျာတွေနဲ့အတူ ပြုစုပျိုးထောင်ပေးပါလို့လည်း နိုင်ငံတော်သမ္မတက အကြံပြုတိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။
Source & Photo : Frontier,The Ladies News
Loading...