Breaking News


ဂျပန်တွင် အစားအမြန်စား ပြိုင်ပွဲ၌ စားပိုးနင်ပြီး ပြိုင်ပွဲဝင်တစ်ဦး သေဆုံး


Loading...

ဂျပန်နိုင်ငံတွင် အစားအမြန်စား ပြိုင်ပွဲ၌ ထမင်းလုံးနင်ကာ အသက် ၂၈နှစ်အရွယ် ပြိုင်ပွဲဝင်တစ်ဦး အသက်ရှုကျပ်သေဆုံးကြောင်း ပွဲစီစဉ်သူတစ်ဦးက နိုဝင်ဘာ ၂၂ ရက်တွင် ပြောသည်။

ဟီကိုနေမြို့တွင် ကျင်းပသည့် ယင်းပြိုင်ပွဲတွင် ထိုသို့ အသက်ရှုမရဖြစ်သည့် ပြိုင်ပွဲဝင်ကို ဆေးရုံတင်ပို့ခဲ့ရာ သုံးရက်မြောက်သည့်နေ့ နိုဝင်ဘာ ၁၆ရက်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါပြိုင်ပွဲကို ကမကထပြုသည့် ဌာနေလယ်သမားသမဂ္ဂက ပြောသည်။

ပြိုင်ပွဲမှာ ဂျပန်တွင် အထူးစားမက်ဖွယ်ရာဖြစ်သည့် onigiri ထမင်းမုန့်လုံး ငါးလုံးကို အမြန်အစားပြိုင်ကြရခြင်းဖြစ်သည်။

အဆိုပါ ပြိုင်ပွဲဝင်မှာ နောက်ဆုံး ငါးလုံးမြောက် ထမင်းမုန့်လုံးကို စားပြီးနောက် စားပိုးနင်ပြီး ဆေးရုံတင်ပို့သော်လည်း နောက်ပိုင်းတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူက ပြောသည်။

ပြိုင်ပွဲကျင်းပပုံမှာ ငါးယောက်တစ်စုစီ အဖွဲ့သုံးဖွဲ့ ဖွဲ့ကာ အမြန်စား ပြိုင်ရခြင်းဖြစ်သည်။

“ကျွန်တော်တို့ ပထမနဲ့ ဒုတိယအဖွဲ့တွေ ပြိုင်တာကို အကဲဖြတ်ပြီးချိန် နောက်ဆုံးတတိယအဖွဲ့ ပြိုင်တဲ့အချိန်မှာ ခုလိုအဖြစ်မျိုး ဖြစ်ပွားခဲ့ရတာပါ။”ဟု ဌာနေလယ်သမားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
mizzimaburmese
Loading...