Breaking News


ရန်ကုန်တိုင်းဒေသကြီးရုံး ဖောက်ခွဲမှုဖြစ်စဉ်က သံသယရှိသူ တရားခံနှစ်ဦးကိုဖမ်းမိထား


Loading...

နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေ ၆ နာရီလောက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးထဲမှာ အသေးစားဖောက်ခွဲမှု ပြုလုပ်ခဲ့တယ်လို့ ယူဆရတဲ့ သံသယရှိသူ တရားခံနှစ်ဦးကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“မနေ့က ပေါက်ကွဲမှု ဖြစ်တဲ့အချိန်မှာ ထွက်ပေါက်တံခါးတွေ တန်းပိတ်လိုက်ပြီး ရှာဖွေရာမှာ ဒီရုံးထဲမှာပဲ ဖမ်းမိတာပါ။ ထွက်ပြေးနေတဲ့ အမျိုးသားနှစ်ဦးကိုလည်း ဖမ်းဆီးနေပါတယ်။သူတို့ကို အထူးအဖွဲ့ဖွဲ့ပြီး ရန်ကုန်တိုင်းရုံးထဲမှာပဲ စစ်ဆေးနေပါတယ်”လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးထားမိသူတွေက အမျိုးသမီးနှစ်ဦးဖြစ်ပြီး အဆိုပါအမျိုးသမီးနှစ်ဦးနဲ့ ပူးပေါင်းလုပ်ဆောင်ရာမှာပါဝင်တဲ့ အမျိုးသားနှစ်ဦးက ထွက်ပြေးလွတ်မြောက်နေတယ်လို့ သိရပြီး ဖမ်းဆီးရမိတဲ့ သံသယရှိ တရားခံတွေကို အရင်ရက်တွေက ပေါက်ကွဲမှုတွေနဲ့ သက်ဆိုင်ခြင်း ရှိမရှိ စစ်ဆေးနေတယ်လို့ သိရပါတယ်။
Source : 7DayDaily
Loading...