Breaking News

ခင်ပွန်းကို သတ်မိတဲ့ ဇနီးသည်ကို ရွာသားတွေ သေလုမြောပါး ရိုက်နှက်


Loading...

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က ရွာတစ်ရွာမှာ ခင်ပွန်းဖြစ်သူနဲ့ ရန်ဖြစ်ပြီး သံတုတ်နဲ့ ရိုက်မိလိုက်တဲ့ အမျိုးသမီးတစ်ဦးဟာ လူပေါင်းများစွာရဲ့ ပြန်လည် ရိုက်နှက်ခြင်းကို ခံလိုက်ရပါတယ်။အက်ရှာဒေဗီလို့ အမည်ရတဲ့ အဆိုပါအမျိုးသမီးဟာ သူမခင်ပွန်းနဲ့ စကားများရန်ဖြစ်ခဲ့သူ ဖြစ်ပါတယ်။ 


အဲဒီနောက် သူမက ခင်ပွန်းဖြစ်သူကို သံတုတ်နဲ့ ရိုက်လိုက်တဲ့အတွက် ခင်ပွန်းဖြစ်သူ သေဆုံးခဲ့ရတာပါ။  သူမခင်ပွန်းသေဆုံးတဲ့ သတင်းကို ရွာသားတွေ သိရှိပြီးနောက် ဇနီးသည် ဒေးဗီကို အိမ်ပြင်ထုတ်ကာ  အမျိုးသား ၂၅ ယောက်လောက်က ဝိုင်းပြီး ရိုက်နှက်ခဲ့ကြတာ ဖြစ်ပါတယ်။


လူမှုကွန်ယက်ပေါ် ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေအရ ဒေဗီကို အမျိုးသားတစ်စုက ဝါးရင်းတုတ်တွေနဲ့ ရိုက်နှက်နေခဲ့ပြီး လူပေါင်းများစွာက ဘေးမှာ ရပ်ကြည့်နေခဲ့ပါတယ်။ အမျိုးသမီးတစ်ဦးကတော့ ဝင်တားဖို့ ကြိုးပမ်းခဲ့ပါတယ်။အခု ဒီကိစ္စကို ရဲတပ်ဖွဲ့က စုံစမ်းနေပြီဖြစ်ပြီး ဒေဗီကိုတော့ ဆေးရုံတင်ထားရပါတယ်။
Source : Mirror
duwun
Loading...