Breaking News

တရုတ် အမျိုးသမီးတိုက်ဂျက်လေယာဉ်မှူး လေကြောင်းမတော်တဆမှုအတွင်း သေဆုံး


Loading...

တရုတ်နိုင်ငံမှ အသက် ၃၀ နှစ်အရွယ် အမျိုးသမီး တိုက်ဂျက်လေယာဉ်မှူး ယူဇူဟာ လေကြောင်းသရုပ်ပြ ပြန်သန်းမှုအတွင်း လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး J-10 တိုက်ဂျက်လေယာဉ်မှူးဟာ တရုတ်နိုင်ငံ လေတပ်မတော်နေ့အပြီး နိုဝင်ဘာလ ၁၂ ရက်နေ့ လေကြောင်းပျံသန်းမှု မတော်မဆဖြစ်စဉ်အတွင်း သေဆုံးခဲ့တာလို့ စီဂျွမ် ကွန်မြူနစ်လူငယ်အဖွဲ့က လူမှုကွန်ရက်စာမျက်နှာမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ယူ မောင်းနှင်လာတဲ့ လေယာဉ်ဟာ ဟီဘေခရိုင်အတွင်းမှာ မတော်မဆမှုဖြစ်ပြီး မြေပြင်ပေါ်ကို ထိုးဆင်းလာချိန်မှာ ယူနဲ့ အတူ မောင်းနှင်လာတဲ့ လေယာဉ်မှူး အမျိုးသားဟာ အရေးပေါ် လေယာဉ်ထိုင်ခုံ တွန်းထုတ်ပြီး လွတ်မြောက်ခဲ့ပေမယ့် သူမ ထိုင်ခုံက တွန်းထုတ်မရခဲ့တာကြောင့် သေဆုံးခဲ့တာလို့ ဆိုပါတယ်။
တရုတ်နိုင်ငံ စိချွမ်ပြည်နယ်ရဲ့ မြို့တော် ချန်ဒူမှာ မွေးဖွားခဲ့တဲ့ ယူဇူဟာ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် လေတပ်ရဲ့ လေယာဉ်အလှပြ ပျံသန်းရေးအဖွဲ့ “August 1st” ရဲ့ အဖွဲ့ဝင်ဖြစ်ခဲ့တာပါ။
သူမဟာ တရုတ်နိုင်ငံလုပ် တိုက်ဂျက်ယာဉ်တွေကို မောင်းနှင်နိုင်တဲ့ အမျိုးသမီး လေယာဉ်မှူး အနည်းငယ်ထဲက တဦးဖြစ်ပါတယ်။
၂၀၀၅ ခုနှစ်မှာ ယူဟာ လေတပ်မှာ လေယာဉ်မှူး အလုပ်ကို လျှောက်ခဲ့တာ ဖြစ်ပြီး နောက် ၄ နှစ်အကြာမှာတော့ တရုတ်နိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး တိုက်ဂျက်လေယာဉ်မှူး ၁၆ ဦးထဲမှ တဦးဖြစ်လာတာလို့ ဆင်ဟွာသတင်းအရ သိရပါတယ်။
လေယာဉ်အလှပြပျံသန်းအဖွဲ့ဟာ နိုဝင်ဘာလ အစောပိုင်းတွင်လည်း ဂွမ်ဒေါင်ပြည်နယ် ဇူဟိုင်းမြို့မှာ လေယာဉ်အလှ ပျံသန်းခဲ့ပါသေးတယ်။
လေယာဉ်အလှပြပျံသန်းအဖွဲ့ကို ၁၉၆၂ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး “August 1st” လို့ အမည်ပေးခဲ့တာပါ။ တရုတ်နိုင်ငံမှာ “August 1st” အပြင် “Sky Wing” နဲ့“Red Falcon” လို့ခေါ်တဲ့ လေယာဉ်အလှပြပျံသန်းအဖွဲ့ ၂ ဖွဲ့ထပ်ရှိပြီး ဒီနှစ်ဖွဲ့ကို ၂၀၁၁ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာပါ။
Loading...