Breaking News

ဦးခေါင်းနှစ်လုံး၊ လက်လေးချောင်းနှင့် ရင်ချင်းဆက်အမြွှာ ဆေးရုံတွင်လာရောက်စွန့်ပစ်ခံရ


Loading...


ကလေးငယ်တွေဟာ ရင်ချင်းဆက်နေပြီး ခြေထောက်နှစ်ချောင်း၊ ဦးခေါင်းနှစ်လုံး နဲ့ လက်လေးချောင်းနဲ့ မွေးဖွားလာတာဖြစ်ပြီး မိဘတွေက တာဝန်မယူနိုင်လို့လား၊ အမြွှာကလေးတွေရဲ့ ခန္ဓာကိုယ်ကြောင့်လားဆိုတာတော့ သေချာမသိနိုင်ပါဘူး။


ကလေးငယ်လေးတွေဟာ ဘင်္ဂ္လားဒေ့ရှ်နိုင်ငံ၊ ဒါကာက ဆေးတက္ကသိုလ်ဆေးရုံးတစ်ရုံမှာ လာရောက်စွန့်ပစ်ခံရတာလို့ ပြောပါတယ်။ ကလေးငယ်လေးတွေဟာ လှုပ်ရှားနိုင်ပြီး၊ အညစ်အကြေးစွန့်နိုင်တဲ့အပြင် နှစ်ယောက်လုံး ငိုနိုင်တယ်လို့ သူတို့ကိုစောင့်ရှောက်ပေးတဲ့ နာ့စ်ကနေပြောပါတယ်။


လက်ရှိမှာတော့ ဆေးရုံရဲ့တာဝန်ရှိသူတွေကနေ အမြွှာကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးနေတယ်လို့ Daily Star သတင်းဌာနကနေ ပြောကြားခဲ့ပါတယ်။ မကြာသေးခင်ကပဲ ရင်ချင်းဆက်အမြွှာမိန်းကလေးအဖြစ်အပျက်အပြီး ရင်ချင်းဆက်အမြွှာကလေးနှစ်ယောက်ထပ်မံပြီး လက်ခံရရှိခဲ့တာလို့ သိရပါတယ်။myanmarload

Loading...