Breaking News


လမ်းဘေးဈေးသည်တွေကို ဒီဇင်ဘာ ၁ ရက်နေ့ စတင်ဖယ်ရှားမယ်

Loading...


ရန်ကုန်မြို့တွင်း မြို့နယ်လေးခုက အဓိကလမ်းမကြီး ၁၁ ခု ပေါ်မှာ ဈေးရောင်းချနေတဲ့ လမ်းဘေးဈေးသည်တွေကို နိုဝင်ဘာ ၃၀ ရက် နောက်ဆုံးထား ပြောင်းရွှေ့ပေးဖို့နဲ့ မပြောင်းရွှေ့ဘူးဆိုရင် ဒီဇင်ဘာ ၁ ရက်ကစပြီး စည်ပင်ဥပဒေနဲ့ အညီ ဖယ်ရှားရှင်းလင်းမယ်လို့  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကြေညာလိုက်ပါတယ်။
ကမ်းနားလမ်းမှာ ရောင်းချခွင့်ရှိတဲ့ ဈေးသည်တွေကို ကမ်းနားလမ်းကို ရွှေ့ဖို့နဲ့ ကျန်ဈေးသည်တွေကို သင့်လျော်ရာလမ်းအတွင်းပိုင်းတွေဆီ ပြောင်းရွှေ့ဖို့ အသိပေးကြေညာထားတာလည်း ဖြစ်ပါတယ်။
ကမ်းနားလမ်းမှာ ဈေးရောင်းချခွင့်ရရှိထားတဲ့ ဈေးသည် ၁,၆၀၀ ကျော်ဟာ လက်ရှိမှာ  ပြောင်းရွှေ့ရောင်းချနေပေမဲ့ ကျန်ရှိဈေးသည် ၄,၀၀၀ ကျော်ဟာ လမ်းတွေထဲ ဝင်ရောက်ရောင်းချဖို့ အဆင်မပြေဘဲ ပြဿနာတက်လာမှာ ဖြစ်တယ်လို့ ဈေးသည်တွေက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။
လမ်းဘေးဈေးသည် ၆,၀၀၀ ကျော်ရှိပေမဲ့ ဖွင့်လှစ်လိုက်တဲ့ ညဈေးတန်းဟာ ဈေးသည် ၁,၆၀၀ ကျော်အတွက်သာ နေရာရှိပြီး သစ်သီးသည်နဲ့ စားသောက်ဆိုင်တို့ကို ဦးစားပေးနေရာချခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Photos & Source: 7Day Daily
Loading...