Breaking News

မုံရွာ-အမြင့်ကားလမ်းဘေး ရေအိုင်အတွင်း အမျိုးသားအလောင်းတစ်လောင်းတွေ့


Loading...

မုံရွာမြို့နှင့် အမြင့်ကျေးရွာသို့ ဖောက်လုပ်ထားသည့် ကား လမ်းဘေး ရေအိုင်အတွင်း ရေနစ် သေဆုံးနေသော အမျိုးသားအ လောင်းတစ်လောင်း  တွေ့ရှိခဲ့ကြောင်း ညောင်ဖြူပင်ကျေးရွာ ရဲကင်းစခန်းမှ သတင်းရရှိသည်။
နိုဝင်ဘာ ၇ ရက် နံနက် ၉ နာရီခန့်တွင် မုံရွာမြို့နယ်ညောင်ဖြူပင် ကျေးရွာတောင်ပိုင်း၊ မုံရွာ-အမြင့်ကားလမ်းတာရိုး အနောက်ဘက် လူကူးတံတားအနီး ရေအိုင် အ တွင်း၌ အသက် (၄၇) နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံး သည်ကို စစ်ဆေးတွေ့ရှိရကြောင်းညောင်ဖြူပင်ကျေးရွာ ရဲကင်းစခန်းမှူး ရဲအုပ် ကျော်ဝင်းလှိုင်က ပြော သည်။ ‘‘ရေနစ်သေဆုံးတဲ့သူက ညောင်ဖြူပင်ကျေးရွာ အလှူပွဲ၊ မင်္ဂလာပွဲတွေမှာ လူမှုရေးစိတ်နဲ့ အမြဲကူညီနေတဲ့သူပါ။ ပျောက်နေတာက နှစ်ရက်၊ သုံးရက်နီးပါးရှိ နေတာ။ ဒီနေ့ (နိုဝင်ဘာ ၇ ရက်) နံနက်မှ ရေအိုင်အတွင်းက ရုပ်အ လောင်းကိုတွေ့မှ သေဆုံးတယ် ဆိုတာ မိသားစုတွေက သိကြရ တာပါ။ လူသေဆုံးမှုနဲ့ ပတ်သက် ပြီး သေမှုသေခင်းဖွင့်ပြီး စစ်ဆေး နေပါတယ်’’ဟု ၎င်းက ပြောသည်။သေဆုံးသူအမျိုးသားသည် မုံရွာမြို့နယ် ညောင်ဖြူပင်ကျေး ရွာ တောင်ပိုင်းတွင် နေထိုင်ပြီး ကျပန်းလုပ်ကိုင်သူဖြစ်ကြောင်း ရဲမှတ်တမ်းအရသိရသည်။ ခန္ဓာကိုယ်ပြင်ပဒဏ်ရာမရှိဘဲ ရေနစ်သေဆုံးသူ၏ ရုပ်အလောင်းကို မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးသို့ မှုခင်းဆေးစာဖြင့် ပေးပို့စစ်ဆေးလျက်ရှိသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မုံရွာမြို့ မြို့မရဲစခန်းက သေမှုသေခင်းဖွင့်၍ စစ်ဆေးနေကြောင်း သတင်းရရှိသည်။
7daydaily
Loading...