Breaking News


နာမည်ကြီးရုပ်ရှင်ဗွီဒီယိုသရုပ်ဆောင် ဇာတ်ပို့ဇာတ်ရံအများစု အခွန်မဆောင်ဟုဆို


Loading...

နာမည်ကြီးရုပ်ရှင်ဗွီဒီယိုသရုပ်ဆောင် ဇာတ်ပို့ဇာတ်ရံအများစု အခွန်မဆောင်ဟုဆို



မြန်မာ့ရုပ်ရှင်ဗွီဒီယိုလောက၏ နာမည်ကြီးဇာတ်ပို့ဇာတ်ရံအများစုသည် အခွန်မဆောင်ကြကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်ကျော်တင့်က နိုဝင်ဘာ ၂၃ တွင် News Watch သို့ ပြောသည်။
၎င်းမှ ''အနုပညာရှင်တွေထဲမှာ နာမည်ကြီးဇာတ်ပို့ဇာတ်ရံအများစုက အခွန်မဆောင်ဘူး။ မင်းသားမင်းသမီး အများစုကတော့ ဆောင်ကြပါတယ်''ဟု ပြောသည်။ ယင်းကဲ့သို့ သရုပ်ဆောင်အနုပညာရှင်အသိုင်းအ၀ိုင်းမှ အခွန်မဆောင်သူများထဲတွင် လူရွှင်တော်အများစုလည်း အပါအ၀င်ဖြစ်သည်ဟု ဆိုသည်။
ယင်းကဲ့သို့ နာမည်ကြီးဇာတ်ပို့ဇာတ်ရံအများစု အခွန်မဆောင်သေးသောကြောင့် ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် ရုပ်ရှင်အစည်းရုံးဥက္ကဋ္ဌတို့က မကြာသေးမီရက်ပိုင်းက တွေ့ဆုံ၍ ဇာတ်ပို့ဇာတ်ရံများ အခွန် ဆောင်ရန် ဆွေးနွေးပွဲပြုလုပ်ခဲ့သော်လည်း ကာယကံရှင်များ တက်ရောက်ခြင်းမရှိဟု ပြောသည်။ ''ရုပ်ရှင်အစည်းအရုံးကတော့ သူတို့စည်းရုံးပေးမယ်လို့တော့ ပြောပါတယ်။ တချို့ကလည်း သူတို့ဝင်ငွေက သိပ်မကောင်းဘူးလေ။ နာမည်ကြီး သရုပ်ဆောင်တွေကတော့ အခွန်ဆောင် ကြပါတယ်။ ဥပမာ လူမင်း၊ ပြေတီဦး၊ ကိုရန်အောင်တို့ ဆောင်ကြတယ်။ စာရင်းဇယားအကုန်ရှိပါတယ်၊ ဦးဇာဂနာလည်း အခွန်ဆောင် တယ်'' ဟု ဦးအောင်ကျော်တင်က ပြောကြားခဲ့သည်။
လစာဝင်ငွေခွန်နှင့်ပတ်သက်၍ လူ ၁ ဦးလျှင် ၁ လ ၅ သိန်း ၀င်ငွေရှိပါက ၁၂ လနှင့် မြှောက်ကာ သိန်း ၆၀ ရရှိ မည်ဖြစ်သည်။ ယင်းသိန်း ၆၀ အနက် အခြေခံသက်သာခွင့် ၂၀ ရာခိုင်နှုန်းရှိရာ သိန်း ၆၀ ထဲမှ ၂၀ ရာခိုင်နှုန်း နုတ်လျှင် ၄၈ သိန်း ကျန်ရှိမည်ဖြစ်သည်။ ယင်း ၄၈ သိန်းထဲမှ ဇနီးအတွက် သက်သာခွင့် ၁၀ သိန်း၊ သားသမီး ၂ ဦးအတွက် သက်သာခွင့် ၁၀ သိန်း စုစုပေါင်းသိန်း ၂၀ နုတ်လျှင် စည်းကြပ်ရန်ဝင်ငွေ ၂၈ သိန်းသာရှိသည်။ ယင်း ၂၈ သိန်းအား အခွန်ပေးဆောင်ရန် တွက်ချက်ရာ ၁ ကျပ်မှ သိန်း ၂၀ အထိ အခွန်ကင်းလွတ်ခွင့်ရရှိရာ သိန်း ၂၀ အထက်ဖြစ်နေသည့် ၂၈ သိန်းထိအား ကျသင့်ဝင်ငွေခွန်မှာ ကျပ်လေးသောင်း ဖြစ်သည်ဟု ရှင်းပြခဲ့သည်။
ကိုခက်
Loading...