ဖားကန့်မှာ လေယာဉ်အင်ဂျင်လို့ ယူဆရတဲ့ အရာဝတ္ထုတစ်ခု ကောင်းကင်ကနေ ပြုတ်ကျလာ

_________________________________________________________

နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက ဖားကန့်မြို့၊မော်စီဇာကျေးရွာနားကို လေယာဉ်အင်ဂျင်လို့ ယူဆရတဲ့ အရာဝတ္ထုတစ်ခု ကောင်းကင်ကနေ ပြုတ်ကျလာလို့ ကျွမ်းကျင်သူတွေက စစ်ဆေးနေပြီး ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။
ဒီနေ့မနက် ၅ နာရီလောက်က ဖားကန့်ကျောက်စိမ်းတွင်းနယ်မြေထဲ မှော်ဆီဇာကျေးရွာနားက ခိုင်လုံနဲ့ ကျောက်စိမ်းတောင်ပြန့် လုပ်ကွက်နားမှာ ပြုတ်ကျခဲ့တာဖြစ်ပြီးပြင်းထန်တဲ့ ပေါက်ကွဲသံတွေပါ ကြားလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်ကွဲသံနဲ့အတူ ကောင်းကင်ကနေ ပြုတ်ကျလာတဲ့အရာက လေယာဉ်အင်ဂျင်နဲ့ဆင်တူပြီး ပန်ကာဒလက်တွေပါဝင်ကာ ၁၅ပေ ပတ်လည်ခန့်ကြီးပြီး လူတစ်ရပ်ကျော် မြင့်မားတယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးက ပြောပါတယ်။
Souce & Photos : 7DayDaily
Loading...