Breaking News

ဒဂုံတောင် လဝကရုံးထဲမှာ အသေးစားပေါက်ကွဲမှုဖြစ်


Loading...

နိုဝင်ဘာလ ၂၄ ရက်နေ့လယ်ပိုင်းက ဒဂုံမြို့သစ်တောင်ပိုင်းက မြို့နယ်လ၀ကရုံးဝင်းထဲမှာ အသေးစားပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။




ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ အဆိုပါ လဝကရုံးဝင်းထဲက အိမ်သာနဲ့အမှိုက်ပုံမှာ နေ့လည်  ၂ နာရီလောက်က အသေးစား ပေါက်ကွဲမှု လေးကြိမ်ဖြစ်ပွားခဲ့တာဖြစ်ပြီး M 150 အချိုရည်ပုလင်းထဲကို ဓာတုဆေးရည် ထည်ထားတဲ့ ပုလင်းဗုံးပေါက်ကွဲတာလို့ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်စခန်းကနေ သိရပါတယ်။



နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းက ရန်ကုန်မြို့ ဒေါပုံမြို့နယ် Capital Hypermarket မှာဖြစ်ပွားခဲ့တဲ့ အသေးစားပေါက်ကွဲမှုလေးကြိမ်နဲ့ နိုဝင်ဘာ ၁၇ ရက်က မရမ်းကုန်းမြို့နယ် အိုးရှင်းစင်တာမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေကလည်း  150 အချိုရည်ပုလင်းထဲကို ဓာတုဆေးရည်ထည့်ပြီး အများပြည်သူထိတ်လန့်အောင်ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။
Source : 7DayDaily
Loading...