အမေရိကန် သမ္မတ လစာငွေ ၁ ဒေါ်လာပဲယူမယ့် သူဌေးကြီးဒေါ်နယ်ထရန့်

_________________________________________________________

ရွေးကောက်ပွဲ အနိုင်ရပြီးနောက် အမေရိကန်သမ္မတ ဖြစ်လာတော့မယ့် ဒေါ်နယ်ထရန့်က သမ္မတလစာငွေကို ဥပဒေအရ မယူမဖြစ်လောက်တဲ့ ပမာဏကိုသာ ရယူသွားမယ်လို့ သိရပါတယ်။

လာမယ့် ၂၀၁၇ ခုနှစ်မှာ ကျမ်းကျိမ်ပြီးလို့ သမ္မတရုံးခန်းထိုင်တဲ့အခါ လစာငွေ တစ်နှစ်ကို တစ်ဒေါ်လာသာ ရယူသွားမယ်လို့ ဒေါ်နယ်ထရန့်က ရွေးကောက်ပွဲအပြီး ပထမဆုံး ရုပ်သံအင်တာဗျူးမှာ ဖြေကြားခဲ့တာပါ။ ပုံမှန်ဆိုရင် အမေရိကန် သမ္မတစ်ယောက်ရဲ့ လစာငွေကို တစ်နှစ်ကို ဒေါ်လာလေးသိန်းရှိပြီး အခြားအသုံးစရိတ်တွေကိုလည်း တရားဝင် သတ်မှတ်ပေးထားပါတယ်။

ဒါပေမဲ့ သမ္မတစ်ယောက်ဟာ  လစာငွေကို မယူချင်ဘူးဆိုရင်လုံးလုံး မယူခွင့် ရမှာမဟုတ်ဘဲ အနည်းဆုံး တစ်ဒေါ်လာတော့ ရယူမှာ ဖြစ်ပါတယ်။ ဒေါ်နယ်ထရန့်က ရွေးကောက်ပွဲ အနိုင်ရပြီး ရက်ပိုင်းအတွင်းမှာပဲ နိုင်ငံအတွင်းမှာရှိနေတဲ့ တရားမဝင် ကျော်ဖြတ်လာသူ မက္ကဆီကိုနိုင်ငံသား သုံးသန်းကိုလည်း ပြည်နှင်ဒဏ်ပေးသွားမယ်လို့ ဆိုပါတယ်။ နယ်စပ်မှာလည်း ခြံစည်းရိုးတံတိုင်းခတ်သွားမယ်လို့ ကြွေးကြော်ထားသူပါ။
" ကျွန်တော်တို့ နယ်စပ်လုံခြုံဖို့က အရေးကြီးပါတယ်။ ကျွန်တော်တို့ နောက်ထပ် ဆုံးဖြတ်ချက်တွေ မလုပ်ခင်ဒါကို လုပ်ရမှာပါ" လို့ သမ္မတဖြစ်လာတော့မယ့် သူဌေးကြီးထရန့်က ဆိုပါတယ်။
Source : Mirror
Loading...