ရန်ကင်းမြို့နယ်တွင် ဆရာတော်တပါး မိမိကိုယ်ကိုဓားဖြင့်ထိုး၍ အဆုံးစီရင်ရန်ကြိုးပမ်း



_________________________________________________________

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် ၉ ရပ်ကွက် ပိတောက်လမ်းရှိ ၀ါဆိုမီဘုန်းကြီးကျောင်းတွင် နိုဝင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းက အသက်ခြောက်ဆယ်ရှိ ဆရာတော်တပါး မိမိကိုယ်ကို ဓားဖြင့်ထိုး သေကြောင်းကြံစည်ခဲ့ကြောင်း ရန်ကင်းမြို့မရဲစခန်းမှသိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့ ညနေ ၅ နာရီအချိန်က အဆိုပါကျောင်းတိုက်တွင်သီတင်းသုံးနေသည့် ၀ါတော်(၂၃)၀ါ၊ သက်တော် ၆၀နှစ်ရှိ ဆရာတော် ဦးအဂဓမ္မ(ခေါ်)ဦးမောင်မြင့်သည် ၎င်းနေထိုင်သည့်အခန်းအတွင်း အရိုးအသွား ၁၂လက်မခန့်ရှိဓားဖြင့် မိမိကိုယ်ကို ထိုးသွင်းခဲ့၍ ၀မ်းဗိုက်တွင် ထိုးသွင်းဒါဏ်ရာသုံးချက်ရရှိခဲ့ပြီး ၎င်း၏ဘေးတွင် သမီးဖြစ်သူထံရေးသားထားသော သေတမ်းစာတစောင်ကိုလည်း ရဲတပ်ဖွဲ့ကရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ဆရာတော်ကို သင်္ဃာန်းကျွန်းဆေးရုံသို့ ပို့ဆောင်ကုသထားပြီး အသက်အန္တရယ်စိုးရိမ်ရကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့်ပက်သက်ပြီး ရန်ကင်းရဲစခန်းက မိမိကိုယ်ကိုသေကြောင်းကြံစည်မှုဖြင့် ဆရာတော် ဦးအဂဓမ္မ(ခေါ်)ဦးမောင်မြင့်ကို (ပ)၄၁၂/၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၉ အရ အမှုဖွင့်အရေးယူထားကြာင်း သိရသည်။
ကိုရဲ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Loading...