Breaking News

အသတ်ခံရသော ဗြိတိန်နိုင်ငံသား၏ လုပ်ဖော်ကိုင်ဖက်ကို မြန်မာ့ရဲတပ်ဖွဲ့အလိုရှိနေ




Loading...
----------------------------


ရန်ကုန်မြို့ ကျောက်တံ တားမြို့နယ်ရှိ တိုက်ခန်းတစ်ခု တွင် အသက် (၄၇)နှစ်အရွယ် ဗြိတိန်နိုင်ငံသားတစ်ဦးဒဏ်ရာ များဖြင့် သေဆုံးလျက် တွေ့ရှိခဲ့ရ ပြီးနောက် ၎င်း၏လုပ်ဖော်ကိုင် ဖက် ဗြိတိန်ကျောင်းဆရာတစ်ဦး ကို မြန်မာ့ရဲတပ်ဖွဲ့က ရှာဖွေနေ ကြောင်း သတင်းရရှိသည်။
 ဗြိတိန်နိုင်ငံသားနှစ်ဦးဖြစ် သော ဂယ်ရီဖာဂူဆင် (၄၇)နှစ် နှင့် ဟားရစ်ဘီနော့တီ (၂၅)နှစ် တို့သည် နိုဝင်ဘာ ၄ ရက်ညက အရက်အတူသောက်ခဲ့ပြီးနောက် အချင်းများကာ ဂယ်ရီဖာဂူဆင် ကို ဟားရစ်ဘီနော့တီက သတ် ဖြတ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က သံသယရှိသဖြင့် ၎င်းကိုရန်ကုန်တိုင်းရဲတပ်ဖွဲ့က အလိုရှိနေခြင်းဖြစ်သည်။
 ဖာဂူဆင်ကို တနင်္ဂနွေနေ့ နံနက်က လည်ပင်းနှင့် ရင်ဘတ်တို့၌  ဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိခဲ့ရပြီး ၎င်း၏လက်ကိုင်ဖုန်းကို ဇနီးဖြစ်သူက ဆက်သွယ်ရာ ပြန်လည်ဖြေဆိုခြင်းမရှိ သဖြင့် တိုင်တန်းခဲ့ရာမှ ၎င်း၏ အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ် သည်။

 ယင်းတိုက်ခန်းကို ငှားရမ်း နေထိုင်သူ ဘီနော့တီသည် နိုဝင် ဘာ ၅ ရက် ညနေက ရန်ကုန် နိုင်ငံတကာလေဆိပ်မှ ထိုင်းလေ ကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီဖြစ်ကြောင်း ပြန် ကြားရေးဝန်ကြီးဌာနက ပြော ကြားသည်။
 ယင်းအမှုကို ကျောက်တံ တားရဲစခန်းက တာဝန်ယူစစ်ဆေး နေပြီး ရဲတပ်ဖွဲ့က ထုတ်ပြန်သော ကြေညာချက်အရ  ဘီနော့တီနှင့်  ဖာဂူဆင်တို့    နှစ်ဦးစလုံးသည် Horizon နိုင်ငံတကာကျောင်း၌ အလုပ်လုပ်သူများဖြစ်ပြီး သော ကြာနေ့က ရန်ကုန်မြို့ထဲရှိ ဟိုတယ်တစ်ခု၌ ပါတီလုပ်ပြီး ဘီနော့တီငှားရမ်းနေထိုင်ရာ တိုက်ခန်း သို့ ပြန်လာခဲ့ကြောင်း သိရသည်။၎င်း၏ အခန်းမှ စနေနေ့ညဥ့်သန်း ခေါင်နှင့် နံနက် ၄ နာရီခွဲကြားအချိန်တွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးစကားများသံများကြားခဲ့ကြောင်း အမည်မဖော်လိုသော အိမ်နီးနားချင်းများက ပြောကြားသည်။ ရန်ဖြစ်သံကြားရပြီး နံနက် ၄ နာရီခွဲခန့်တွင် အသံတိတ်သွားခဲ့သည်ဟု အမည်မဖော်လိုသော အိမ်နီးချင်းများက ပြောသည်။
ဘီနော့တီနှင့် ၎င်း၏ချစ်သူ အဲလ်စီဒီဗိုလ်ဒါတို့သည် ယင်း တိုက်ခန်းကို ငှားရမ်းထားသည် မှာ လများစွာကြာပြီဖြစ်ကာ ၎င်း တို့သည် နံနက်စောစောအလုပ် သွားပြီး ညမိုးချုပ်မှ ရောက်လာ လေ့ရှိသည်ဟု အိမ်နီးချင်းများ က ပြောသည်။
ဒီဗိုလ်ဒါ၏ ဖေ့စ်ဘွတ်ခ် အကောင့်သည် တနင်္လာနေ့နံ နက်အထိ အသုံးပြုနေသေးသော် လည်း ယခုအခါဝင်ကြည့်၍ မရ တော့ပေ။
ယင်းတိုက်ခန်းမှ ဒီဗိုလ်ဒါ ဟု ယုံကြည်ရသည့် အမျိုးသမီး တစ်ဦး တနင်္လာနေ့က ထွက်ခွာ လာစဉ် အပြင်ဘက်၌ စောင့်နေ သော သတင်းထောက်များနှင့် ပက်ပင်းတိုးပြီး ယင်းအမျိုးသမီး ကို ဘီဘီစီသတင်းထောက် ယောနဖစ်ရှာက အလောင်းတွေ့ ကြောင်း သတင်းပို့ရန် မည်သည့် အတွက် အချိန်ကြာနေရသလဲဟု မေးမြန်းရာ မျက်နှာကို ဖုံးကာပြီး စောင့်နေသော ကားတစ်စီးဆီသို့  အလျင်စလို ထွက်ခွာသွားခဲ့ သည်။
Horizon ကျောင်းမှ တာဝန် ရှိသူ၏ ပြောကြားချက်အရ ဖာဂူ ဆင်အလုပ်လုပ်နေသည်မှာ တစ် နှစ်ကြာပြီဖြစ်ကာ ဘီနော့တီ သည် သုံးလမျှသာရှိသေးကြောင်း သိရသည်။
ဘီနော့တီ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတစ်ခုအရ ၎င်းသည် ရန်ကုန်မြို့တွင် အင်္ဂလိပ်စာဆရာ အဖြစ် အလုပ်မလုပ်မီ အားလပ် ရက်ခရီးသွားလမ်းညွှန်စကိတ်စီး နည်းပြနှင့် ဟိုတယ်လက်ထောက် မန်နေဂျာအလုပ်များအပါအ၀င် အလုပ်မျိုးစုံလုပ်ကိုင်ခဲ့ကြောင်း သိရသည်။7daydaily
Loading...