၃၉ လမ်း လူသတ်မှု နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ ချိတ်ဆက် ဖမ်းဆီးမယ်

_________________________________________________________

နိုဝင်ဘာလ ၆ ရက်နေ့က ကျောက်တံတားမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံခြားသားအချင်းချင်းလူသတ်မှုကို နိုင်ငံတကာ ရဲတပ်ဖွဲ့ဝင် တွေနဲ့ ချိတ်ဆက်ပြီး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောလိုက်ပါတယ်။
သာကေတမြို့နယ်၊ မြခွာညိုအိမ်ရာမှာနေတဲ့ Yangon International School ကကျောင်းဆရာ ပီတာဂရေးဖာဂူဆန်က မိတ်ဆွေ ဗြိတိန်နိုင်ငံသား ဟဲရစ်ဂျွန် ဘွန်နော့တီ နေထိုင်တဲ့ ကျောက်တံတားမြို့နယ် ၃၉ လမ်းက တိုက်ခန်းကို နိုဝင်ဘာလ ၄ ရက်က လိုက်ပါသွားပြီး ဇနီးဖြစ်သူက မနက်ပိုင်းဖုန်းဆက်သွယ်တဲ့အချိန်မှာ ဟဲရစ်ဂျွန်က ဖုန်းကိုင်ပြီး (ခင်ပွန်းဖြစ်သူရဲ့ ဖုန်းကိုကိုင်ပြီး) အိပ်ပျော်နေတဲ့အကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာ ဆက်သွယ်လို့မရလို့ ဇနီးဖြစ်သူထိုင်းနိုင်ငံသူက နောက်နေ့မနက်ပိုင်းမှာ လိုက်ပါသွားရာမှာ ခင်ပွန်းဖြစ်သူက ဦးခေါင်းနဲ့ ရင်ဘက်ဖူးရောင် ဒဏ်ရာတွေရရှိ သေဆုံးနေတာကို တွေ့ရလို့ ဟဲရစ်ဂျွန်ဘွန်နော့တီကို အရေးယူဖို့ တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
စုံစမ်းမှုတွေအရ  ဗြိတိန်နိုင်ငံသား ဟဲရစ်ဂျွန် ဘွန်နော့တီက ထိုင်းလေကြောင်းလိုင်းနဲ့ နိုဝင်ဘာလ ၅ ရက်နေ့မှာ ရန်ကုန်လေဆိပ်ကနေ ထွက်ခွာသွားတယ်လို့ သိရပြီး ကျောက်တံတားမြို့မရဲစခန်းက (ပ)၂၄၅/၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် စုံစမ်းနေကာ တရားခံလို့ယူဆရတဲ့သူကို ဖမ်းဆီးရမိဖို့ နိုင်ငံတကာ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
Source : MMTimes
Photo :  The Voice
Loading...