Breaking News


ဘာလင်တံတိုင်း အစိတ်အပိုင်းကို တူနှင့်ထုရိုက် ဆန္ဒပြသည့် ၀စ်လစ်စလစ် အမျိုးသမီး (ရုပ်သံ)


Loading...
အီးယူနိုင်ငံတွေနဲ့ ယူကရိန်းနိုင်ငံကြား ဆက်ဆံရေးကို ဆန္ဒပြတဲ့အနေနဲ့ အမျိုးသမီးတဦးဟာ အပေါ်ပိုင်းဗလာကျင်း ၀စ်လစ်စလစ်အခြေအနေနဲ့ ဘာလင်တံတိုင်း အစိတ်အပိုင်းကို တူနဲ့ထုရိုက်ကာ ဆန္ဒပြခဲ့ပါတယ်။
ဒါဟာ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ ယူကရိန်းအစိုးရ တာဝန်ရှိသူတွေနဲ့ အီးယူတာဝန်ရှိသူတွေကြား နိုဝင်ဘာ ၂၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲနဲ့ အချိန်ကိုက်ဖြစ်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အဆိုပါအမျိုးသမီးဟာ ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့အနီးက ဂျာမန်သံရုံးအနီးကို ချဉ်းကပ်ခဲ့တာ တွေ့ရပါတယ်။
အဲဒီနောက်တော့ ဝင်ပေါက်အနီးမှာ သူဟာ အပေါ်ကထပ်ဝတ်လာတဲ့ ကုတ်အင်္ကျီကို ချွတ်ချလိုက်ပြီး ကိုယ်လုံးတီးအခြေအနေနဲ့ ဘာလင်တံတိုင်းနံရံအစိတ်အပိုင်းကို တူနဲ့ အကြိမ်ကြိမ် ရိုက်ခဲ့တာပါ။
သူဟာ အဲဒီလို ရိုက်နေတုန်းမှာ “တံတိုင်းကို ဖြိုရမယ်” လို့ ပြောနေခဲ့တာကို တွေ့ရပါတယ်။
ဒါပေမယ့် အဲဒီတံတိုင်းအစိတ်အပိုင်းဟာ တူနဲ့ထုရိုက်ခဲ့ပေမယ့် ထိခိုက်မှုတစုံတရာ မရှိခဲ့ဘဲ အချိန်အနည်းငယ်အကြာမှာတော့ သူမဟာ အဲဒီနေရာကနေ ထွက်ခွာသွားခဲ့တာပါ။
ဒီတံတိုင်းအစိတ်အပိုင်းဟာ ၁၉၈၉ ခုနှစ်၊ ဘာလင်တံတိုင်း ပြိုကျမှုနောက်မှာ ကိယက်ဗ်မြို့ကို သယ်ဆောင်လာခဲ့တာပါ။
ဒီအမျိုးသမီးဟာ FEMEN အမည်ရတဲ့ အမျိုးသမီးအခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
လက်ရှိဆွေးနွေးနေတဲ့ အီးယူနိုင်ငံတွေကြားမှာ ယူကရိန်းနိုင်ငံသားတွေအနေနဲ့ ဗီဇာကင်းလွတ်ခွင့်နဲ့ ခရီးသွားလာနိုင်တော့မှာ ဖြစ်တယ်ဆိုတဲ့ ဆွေးနွေးမှုနဲ့ အချိန်ကိုက်ပဲ ခုလို ဆန္ဒပြခဲ့တာပါ။
http://burmese.dvb.no/archives/177834
Loading...