တပည့်ဖြစ်သူကို ဇနီးသည်၏ မင်္ဂလာဝတ်စုံ ဝတ်ပေးကာ အတူအိပ်ခဲ့သည့် ကျောင်းဆရာ ထောင် ၁၂ နှစ်ကျ - Thadinatin

Breaking News

တပည့်ဖြစ်သူကို ဇနီးသည်၏ မင်္ဂလာဝတ်စုံ ဝတ်ပေးကာ အတူအိပ်ခဲ့သည့် ကျောင်းဆရာ ထောင် ၁၂ နှစ်ကျ


Loading...



အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက် ကျောင်းသူတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားခဲ့ကြောင်း ထင်ရှားခဲ့ပြီးနောက် အောက်စဖို့ဒ် တက္ကသိုလ်ထွက်ကျောင်းဆရာတစ်ဦးကို ထောင်ဒဏ် ၁၂ နှစ်ချမှတ်လိုက်ကြောင်း သိရပါတယ်။
ဆီမွန်ဘောလ်လို့ အမည်ရတဲ့ အဆိုပါကျောင်းဆရာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခဲ့တဲ့ ဆယ်ကျော်သက် မိန်းကလေး စုစုပေါင်း လေးဦးအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ လိင်အကြမ်းဖက်ခံခဲ့ရတဲ့ ကျောင်းသူတွေထဲက တစ်ဦးဆိုရင် ဆီမွန်ဘောလ်က သူ့ဇနီးသည်ဖြစ်သူရဲ့ မင်္ဂလာဆောင်ဝတ်စုံကို ဝတ်ခိုင်းပြီး အတူအိပ်ခဲ့ရတယ်လို့ တရားရုံးမှာ ခုံရုံးအဖွဲ့ဝင် တစ်ဦးက တင်ပြခဲ့ပါတယ်။
တရားရုံး ကြားနာမှုအတွင်း အသက် ၄၂ နှစ်အရွယ်ရှိ ကျောင်းဆရာက သူ့ရဲ့အပြစ်တွေကို ဝန်ခံခဲ့ပါတယ်။ အဆိုပါ ကျောင်းဆရာက ဂီတဒါရိုက်တာအဖြစ် ကင်ဘိုတန် ကျောင်းမှာရှိခဲ့စဉ်က လုပ်ရပ်အတွက် ထောင် ၅ နှစ်ကျခံခဲ့ရပြီး ဂစ်ဂယ်လ်ဝစ်ခ်ကျောင်းမှာ ရှိစဉ်က အပြစ်အတွက် ထောင် ၇ နှစ်ကျခံရမှာဖြစ်ပါတယ်။
ကျောင်းဆရာ ဆီမွန်ဘောလ်ကို အသက် ၁၈ နှစ်အောက်မိန်းကလေးတွေ ရှိတဲ့နေရာမှာ အလုပ်လုပ်ခွင့် ပိတ်ပင်ခဲ့ပြီး အသက်မပြည့်သေးတဲ့ မိန်းကလေးတွေနဲ့လည်း အုပ်ထိန်းသူ ခွင့်ပြုချက်မပါဘဲ မတွေ့ဖို့ တားမြစ်ခဲ့ပါတယ်။
Source : Mirror
Loading...