သူခိုးဟု စွပ်စွဲခံရသည့် အမျိုးသမီးသုံးဦးကို လမ်းမပေါ်မှာ အဝတ်မပါဘဲ လမ်းလျှောက်ခိုင်းခဲ့

_________________________________________________________


ပစ္စည်းခိုးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသမီးသုံးဦးကို အဝတ်အစားတွေချွတ်ကာ ကိုယ်လုံးတီး လမ်းလျှောက်ခိုင်းတဲ့ ဖြစ်ရပ်တစ်ခုဟာ လူမှုကွန်ရက်မှာ နာမည်ကျော်လာပြန်ပါတယ်။
မက္ကဆီကိုနိုင်ငံအတွင်း အနောက်မြောက်ပိုင်း ဟွာတာဘမ်ပိုမြို့မှာ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ သူခိုးတွေလို့ စွပ်စွဲခံရတဲ့ အမျိုးသမီးသုံးဦးဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဘာအဝတ်အစားမှ မပါဘဲ လူသွားလူလာများတဲ့ လမ်းမထက်ပေါ်ကို ကိုယ်လုံးတီးထွက်လာခဲ့ရတာဖြစ်ပါတယ်။ အဆိုပါအမျိုးသမီးသုံးဦးကြောင့် လမ်းမပေါ်မှာ အချို့ဆိုင်ကယ်သမားတွေရဲ့ နောက်ပြောင်ခြင်းအပြင် ပြည့်တန်ဆာတွေလို ဈေးစုံစမ်းခြင်းပါ ခံခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
မက္ကဆီကိုပြည်တွင်း သတင်းဝက်ဘ်ဆိုက်တွေရဲ့ ဖော်ပြချက်အရ အဆိုပါဖြစ်ရပ်ကို အခုအခါ အာာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပြီဖြစ်တယ်လို့ သိရပါတယ်။ အဲဒီမြို့ရဲ့ မြို့တော်ဝန်ဖြစ်သူ ဟေလီရိုဒိုရိုကတော့ ဒီကိစ္စအတွက် သိထားတဲ့ သတင်းအချက်အလက်ရှိရင် အာဏာပိုင်တွေထံကို ဝေမျှဖို့ တောင်းဆိုထားပါတယ်။ အဆိုပါအမျိုးသမီးသုံးဦး ခံစားခဲ့ရမယ့် အရှက်တရားနဲ့ နာကျင်မှုကိုလည်း နားလည်သိရှိကိုယ်ချင်းစာကြောင်း ပြောကြားထားပါတယ်။
Source : Mirror
Loading...