ဘော့စ်နဲ့နောက်မီးလင်းမိတာကိုဘယ်သူမှရိုက်မစစ်ရပါဘဲ ကိုယ်တိုင်ဖော်လိုက်မိတဲ့အမျိုးသမီး


_________________________________________________________

ackie အမည်ရတဲ့ အမျိုးသမီးဟာ အတ္တလန္တာကို သူမရဲ့ ဘော့စ်နဲ့ စီးပွားရေးကိစ္စအတွက် ခရီးထွက်နေစဉ်မှာ ချစ်သူ Liam ဆီကို ပုံတွေပို့ပေးခဲ့ပါတယ်။ သမီးရည်စားအချင်းချင်း ဖြစ်တဲ့အတွက် အပေါ်ပိုင်း ဟင်းလင်းပုံတွေ ပို့ပေးခဲ့တာ
သိပ်မဆန်းပေမယ့် ဆန်းတာက အလုပ်ရှင်သူဌေး Tom နဲ့ အတူ သူမဟာ အခန်းတစ်ခုတည်းမှာပဲ တည်းခိုနေတာပါပဲ။
ဒါကို အကင်းပါးတဲ့ Liam က ချက်ချင်း သိရှိခဲ့ပါတယ်။ အစကတော့ Jackie က အဝေးရောက်နေသူမို့ ချစ်သူ ကျေနပ်စေဖို့ ၀တ်လစ်စလစ်ပုံတွေ ပို့ပေးခဲ့တာပါဘဲ။ ငါးကြော်ကြီးရှိပါရဲ့ ရေးထဲက ငါးပူတင်းကို မျက်စောင်းလှမ်းထိုးနေသေးတဲ့ သ
ဘောပါ။ ဒါပေမယ့် Liam ဆိုတဲ့ ငါးပူတင်းက အကင်းပါးပြီး အဆိပ်ပြင်းပါတယ်။
အရင်ဆုံး သတိထားမိတာက Jackie ပို့ပေးတဲ့ ပုံထဲမှာ အစင်းကျား ခရီးဆောင် အိတ်တစ်လုံးပါဝင်လာခဲ့ပါတယ်။ Liam က ဒါကို မြင်ပြီး ဒီအိတ်ဟာ သူ့ချစ်သူ Jackie ရဲ့ အိပ်မဟုတ်ဖူးဆိုတာ ချက်ချင်းသိခဲ့ပါတယ်။ Jackie က ” ဟေ့ ဘေဘီ .. နောက်ဆုံးတော့ ဟိုတယ်အခန်းရပြီ … ရေချိုးရုံပဲရှိတော့တယ် … လေယာဉ်က နည်းနည်းနောက်ကျလို့ ဆောရီး
နော်” ဆိုပြီး ဘရာဇီယာ၊ စကပ်အနက်နဲ့ပုံကို လှမ်းပို့ခဲ့ပါတယ်။

အဲဒီနောက် ဘရာကို ချွတ်ပြီး ထပ်ပို့လိုက်တဲ့ ပုံမှာ အစင်းကျား အိတ်ကို Liam က လှမ်းမြင်လိုက်ပါတယ်။ ” နေဦး အခန်းထဲမှာ မင်းတစ်ယောက်ထဲလား “ဆိုပြီး မေးတော့ Jackie က ” အစစ်ပေါ့ အတ္တလန်တာမှာ ဘယ်သူမှ အသိမှ မရှိတာ”ဆို ပြီး ဖြီးခဲ့ပါတယ်။ Liam က ” ဟုတ်ပြီ ဟုတ်ပြီ နင့်အခန်းနံပတ် ဘယ်လောက်လဲ ” ဆိုပြီး မေးတော့ ” 1422 မယုံရင် ဖုန်းခေါ်ကြည့်”ဆိုပြီး ဖြစ်သွားပါတယ်။ အဲဒီနောက် Liam က ” ငါ ဟိုတယ်ကို ဆက်သွယ်ပြီးပြီး … နင့်နာမည်က 1422 မှာ စာရင်းမရှိပါဘူး … ဒါပေမယ့် 1422 ကို Tom က ယူထားပါတယ်လို့ ဟော်တယ်က ဖြေတယ် … ဒါက ရှင်းနေတာပဲ နင်က ငါ့ကို ငတုံးမှတ် နေတာလား “ဆိုပြီး ပြောခဲ့ပါတယ်။

အဲဒီနောက် Liam ကပဲ ဆက်လက်ပြီး ” မင်းနဲ့ မင်းသူဌေး ခရီးတစ်ခု စီစဉ်ပြီဆိုကတည်းက မင်းတို့နှစ်ယောက် ပတ်
သက်မှု ဘယ်လောက်လဲဆိုတာက ငါ သိတယ်ဟေ့ … နင် ဒုတိယပို့တဲ့ ပုံထဲမှာ အစင်းကျားနဲ့အိတ်က မင်းအိတ်မ
ဟုတ်ဘူး … လိမ်ဖို့ ကြိုးစားမနေနဲ့တော့ “စသဖြင့် ကြိမ်းမောင်းကာ ဇတ်လမ်းတစ်ခု အဆုံးသတ်သွားပါတယ်။ Jackie အတ္တလန္တာက ပြန်လာတဲ့အချိန် Liam ကို ဘယ်မျက်နှာနဲ့ ရင်ဆိုင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။
နတ်စည်တော် (Shwemom)