Breaking News


ပျဉ်းမနားတွင် ဆိုင်ကယ်ကယ်ရီသမားတဦး က ခရီးသည်ကို အဓမ္မပြုကျင့်မှု့ ဖြစ်


Loading...

ခရီးသွားအမျိုးသမီးတစ်ဦးကို ဆိုင်ကယ် ကယ်ရီသမားတစ်ဦးက အတင်းအဓမ္မပြုကျင့်မှု အခုလ ၄ ရက်နေ့က ဖြစ်ပွားတယ်လို့ ပျဉ်းမနား စခန်းမှူး ဒုရဲမှူးတင်ဌေးဆီက သိရတယ်။
ဖြစ်စဉ်မှာ တောင်တွင်းကြီးမြို့နယ်နေသူ မ …. တစ်ဦးတည်း ချောင်းနပ်ဘူတာကနေ ပျဉ်းမနားဘူတာကို ည ၈းဝ၀ နာရီ ခန့်မှာ ရောက်ရှိခဲ့ပြီး အောင်မင်္ဂလာကား ကွင်းကိုသွားဖို့ ဆိုင်ကယ်ကယ်ရီငှားစီးရာကယ်ရီသမားက ကားကွင်းကို မသွားဘဲ လမ်းမှာ အဓမ္မပုကျင့်ခဲ့တာလို့ ရဲမှတ်တမ်း အရ သိရပါတယ်။
ဇမ္ဗူသီရိမြို့နယ်၊ သဲကြီးကုန်းကျေးရွာ အုပ်စု လယ်ကွက်ထဲမှာ ဖြစ်ပွားခဲ့ပြီး အဲသည်အမျိုးသမီးက ညတွင်းချင်း ပျဉ်းမနားဘူတာ ဆိုင်ကယ် ကယ်ရီဂိတ်မှာ ပြန်လည်စုံစမ်းပါတယ်။
ကျူးလွန်သူမှာဦးကျော်ထင် ဖြစ် တယ်ဆိုပြီး ပျဉ်းမနားရဲစခန်းမှာ သူ ကိုယ်တိုင် အမှုဖွင့်တိုင်တန်းတယ်လို့ စခန်းမှူးပြောပြချက်အရ သိရပါတယ်။
ပျဉ်းမနားစခန်းက (ပ) ၈၄၈/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆နဲ့အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ပျဉ်းမနားစခန်းမှူးက “အဖော်မပါဘဲ အမျိုးသမီးတစ်ယောက်တည်း အချိန်မတော်ခရီးသွားတာ သတိထားရှောင်ကြဉ်သင့်တယ်”လို့ အကြံပြုပြောပါတယ်။
ပျဉ်းမနားဘူတာအနီး နေထိုင်သူ ကိုမင်းသူက ‘အခုလိုအမှုတွေ အရင်ကထက် ပိုပြီး ကြားလာရတော့ ကိုယ့်မိသားစု အတွက်ပါ စိတ်မချဖြစ်လာရတယ်၊ အတတ်နိုင်ဆုံး ကြိုတင်ကာကွယ်ပြီး ပြင်းထန်တဲ့ ပြစ်ဒဏ်မျိုးနဲ့ အရေးယူ ဆောင်ရွက်သင့်တယ်˘လို့ ပြောပါတယ်။
နေပြည်တော်ကောင်စီမှာ ပြီးခဲ့တဲ့ စက်တင်ဘာက မုဒိမ်းမှုတစ်မှု ၊ အောက် တိုဘာမှာ မုဒိမ်း မှုပေါင်း ရှစ်မှု ဖြစ်ပွားတယ်လို့ နေပြည်တော်မှုခင်းဌာန လချုပ် စာရင်းအရ သိရပါတယ်။

Author ဧက
Thank zin Oo
Loading...