Breaking News

ဖေ့စ်ဘွတ်ခ် ပေါ် သတင်းလိမ် သတင်းမှားတွေ တင်နေတာကို ကိုင်တွယ် နိုင်ရေး အတွက် ပိုပြီး လုပ်ဆောင်မယ်


Loading...

အင်တာနက် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာရဲ့ ပိုင်ရှင် မာ့ခ် ဇတ်ကာဘာ့ဂ် က၊ ဖေ့စ်ဘွတ်ခ် ပေါ် သတင်းလိမ် သတင်းမှားတွေ တင်နေတာကို ကိုင်တွယ် နိုင်ရေး အတွက် ပိုပြီး လုပ်ဆောင်မယ်လို့ ပြောပါတယ်။
ဘယ်လို ပုံစံမျိုးတွေနဲ့ အရေးယူ ဆောင်ရွက်မယ် ဆိုတာကို မကြာခင် ကြေညာ ပေးမယ်လို့လည်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးသား ထားပါတယ်။
ဖေ့စ်ဘွတ်ပေါ်မှာ ရှိနေတဲ့ အကြောင်းအရာတွေရဲ့ ၉၉% အမှန်တွေဖြစ်ပြီး၊ သတင်းလိမ် သတင်းမှားတွေက အနည်းစုပါ ဆိုပြီးတော့လည်း မစ္စတာ ဇတ်ကာဘာ့ဂ် က ပြောပါတယ်။
ဖေ့စ်ဘွတ်ခ် ပေါ်က ထရမ့် အကြောင်း အလိမ်အညာ သတင်းတွေကြောင့် ဒေါ်နယ်ထရမ့် အတွက် ပိုပြီး နာမည်ကြီး စရာတွေ ဖြစ်ခဲ့တယ် ဆိုတဲ့ ဝေဖန်မှု တွေ ကိုတော့ မစ္စတာ ဇတ်ကာဘာ့ဂ် က ထပ်မံ ပယ်ချ ခဲ့ပြီး၊ အင်တာနက် သတင်းမှားတွေဟာ ရွေးကောက်ပွဲ ရလဒ် အပေါ် လွှမ်းမိုး နိုင်စရာ မရှိဘူးလို့ ဆိုပါတယ်။ #ဘီဘီစီမြန်မာပိုင်း
Loading...