Breaking News


ကျောက်ထုတ်စခန်းတွင် အကျဉ်းသားနှစ်ဦး ခိုက်ရန်ဖြစ်ပွားပြီး တစ်ဦး ဦးခေါင်းဒဏ်ရာဖြင့် ဆေးရုံသို့ရောက်

Loading...


မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် ဘယ်လင်း (၂) အကျဉ်းဦးစီးဌာနရှိ ကျောက်ထုတ်လုပ်ငန်းခွင်တွင် အကျဉ်းသား နှစ်ဦးခိုက်ရန်ဖြစ်ပွားရာမှ တစ်ဦး ဦးခေါင်းဒဏ်ရာရရှိခဲ့ပြီး ကျောက်ဆည်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သတင်းရရှိ သည်။
ကျောက်ထုတ်လုပ်ငန်းခွင် တပ်ခွဲ (၂) ခွင်ရှင်းလုတ်မှ  ရဲ ဘက်တွင် ကျခံနေသည့် အသက် (၂၅)နှစ်အရွယ် အမျိုးသားနှင့် (၁၉)နှစ်အရွယ် အမျိုးသားတို့ သည်နိုဝင်ဘာ ၂ ရက်က စကားများရာ အသက် (၁၉)နှစ်အရွယ် အမျိုး သားအား လုပ်ငန်းသုံးပေါက်ပြား ဖြင့် ဦးခေါင်းကို ခုတ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။
ပေါက်ပြားဖြင့်  ခုတ်ခံရ သော အကျဉ်းသားသည် ဦးခေါင်းဝဲဘက်ချိုစောင်းပြတ်ရှ၊ နောက် စေ့ပေါက်ပြဲဒဏ်ရာများရရှိသဖြင့် ကျောက်ဆည်ဆေးရုံ၌ ဆေးကု သမှုခံယူနေသည်။
ပေါက်ပြားဖြင့် ရိုက်နှက်ခဲ့ သည့် အမျိုးသားသည် လားရှိုး တရားရုံးက ပြစ်မှုပုဒ်မ ၃၀၂ (၂)ဖြင့် ထောင်ဒဏ် ၁၀ နှစ်၊ ပုဒ်မ ၃၂၄ ဖြင့် ထောင်ဒဏ် သုံးနှစ်၊လက်နက် ၁၉ (င)အရ ထောင် ဒဏ် သုံးနှစ်၊ သွင်း/ထုတ်ပုဒ်မ ၅ အရ ထောင်ဒဏ် ခုနစ်နှစ်၊ မူး ယစ်ပုဒ်မ ထောင်ဒဏ် ၁၉နှစ်၊ စုစုပေါင်း ထောင်ဒဏ်အနှစ် ၂၀ ကျခံနေရသူဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
7daydaily
Loading...