Breaking News


ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးထဲမှာ ပေါက်ကွဲမှုဖြစ်


Loading...

M 150 အချိုရည်ပုလင်းနဲ့လုပ်ထားတဲ့ လက်လုပ်ဗုံးနှစ်ခု ပေါက်ကွဲခဲ့တာပါ။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး ကျောက်စိမ်းခန်းမ ဘားတိုက်နားမှာ ဒီနေ့ညနေ ၆ နာရီပတ်ဝန်းကျင်က ဗုံး နှစ်လုံး ၁၀ မိနစ်ခြား တစ်ခါစီပေါက်ကွဲခဲ့ပြီး မပေါက်ကွဲတဲ့ လက်ကျန် ဗုံးတစ်လုံးကိုလည်း ရှာဖွေတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။တိုင်းအစိုးရအဖွဲ့ လဝကရုံး အောက်ဆုံးထပ်မှာ M-150 အချိုရည်ပုလင်းနဲ့ လုပ်ထားတဲ့ လက်လုပ်ဗုံး နှစ်လုံး ပေါက်ကွဲတာလို့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အတည်ပြုပြောပါတယ်။ 

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ရန်ကုန်မြို့မှာ ပေါက်ကွဲမှု ငါးကြိမ်းဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့က ဒဂုံတောင်ပိုင်း လ၀ကရုံးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒီပေါက်ကွဲမှုအားလုံးက M150 အချိုရည်ပုလင်းကို အသုံးပြုထားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
Source : DVB
Photos : Kyaw Swar Min Facebook
Loading...