ရန်ကုန် မီနီဘတ်ကားပေါ်မှာ အိပ်ပျော်နေတဲ့ အမျိုးသမီးရဲ့ ထမီကြားကို နှိုက်တာ

_________________________________________________________
ထောက်ကြန့်လမ်းဆုံမှာဖြစ်ခဲ့တာပါ။ ပဲခူး ရန်ကုန် မီနီဘတ်ကားပေါ်မှာ အမျိုးသမီးတယောက်တည်း ခရီးသွားရင်း  အိပ်ပျော်နေတာကို အခွင့်ကောင်းယူပြီး  ကာမအိနြေ္ဒပျက်ပြားအောင် လုပ်ခဲ့တဲ့လူပါ။ အမျိုးသမီးကသိပေမယ့် တယောက်တည်းကြောက်နေရှာပါတယ်။ ကားပေါ်မှာလူသိပ်မပါပါဘူး။ ကျွန်တော်မြင်နေတာတောင် ဒီသတ္တဝါက ဂရုမစိုက်ပါဘူး။ ကျွန်တော့်ကိုတောင် ခြိမ်းခြောက်ပါသေးတယ်။ ဒါနဲ့ကားဆရာကို ထောက်ကြန့်လမ်းဆုံမှာကားရပ်ခိုင်းပြီး ရှင်းတော့ဈေးထဲထွက်ပြေးပါတယ်။ ဒီလူကိုလိုက်ဖမ်းတဲ့အချိန် အမျိုးသမီးကိုတရားစွဲခိုင်းဖို့လုပ်တော့ ကားကထွက်သွားပါတယ်။
Loading...

 ဒါနဲ့အဲ့နွားကို ပတ်ဝန်းကျင်ကလူတွေနဲ့ သေချာဆုံးမလိုက်ပါတယ်။ ဒီရုပ်ကိုလည်း ခရီးသွားလာနေတဲ့ အမျိုးသမီးတွေ မှတ်ထားပေးပါ။ ပြောချင်တာက ခရီးကိုအမျိုးသမီးတယောက်တည်း သွားတဲ့အခါ ဂရုစိုက်ကြပါ။ ဖြစ်လာခဲ့တဲ့ပြဿနာကို မကြောက်မရွံ့ဘဲ ပတ်ဝန်းကျင်ကို အကူအညီတောင်းပါ။ ငြိမ်နေရင် ဒီကောင်တွေက လွယ်တယ်ထင်ပြီး ပိုအတင့်ရဲကြပါတယ်။ ဒီဖြစ်ရပ်လိုမျိုး တွေ့ကြုံခဲ့ရင် ခရီးသွားတွေအနေနဲ့လည်း မိမိညီကိုမောင်နှမတွေလိုသဘောထားပြီး ကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ Credit - Naung Ye

Loading...