Breaking News


အာကာသထဲမှာ ကြောက်စရာအသံကို ကြားခဲ့ရကြောင်း ဖွင့်ဟခဲ့တဲ့အာကာသယာဉ်မှူး


Loading...

တရုတ်နိုင်ငံကနေ လွှတ်တင်ခဲ့တဲ့ အာကာကယာဉ်ထဲမှာ လိုက်ပါခဲ့ရတဲ့ အာကာသယာဉ်မှူးတွေဟာ အာကာသဟင်း
လင်းပြင်ကို လွင့်မြောနေစဉ်မှာ ထူးဆန်းပြီး ကြောက်မက်ဖွယ်ရာကောင်းတဲ့ အသံတွေကို ကြားခဲ့ရကြောင်း ဖွင့်ဟခဲ့ပါ
တယ်။ အဆိုပါ အသံတွေဟာ ဘယ်ဆီကနေ လာတယ်ဆိုတာကို ဘယ်သူမှ ရှင်းမပြနိုင်ခဲ့ပါဘူး။

လက်ရှိအချိန်မှာ တရုတ်လေတပ်မှာ ဗိုလ်ချုပ်ရာထူး တာဝန်ထမ်းဆောင်နေတဲ့ အသက် 51 နှစ်အရွယ် Yang Liwei က သူရဲ့ ပထမဆုံး အာကသခရီးစဉ်ကို မျှဝေရာမှာ သူ့ရဲ့ပထမဆုံးအာကာသခရီးစဉ်မှာ အလွန်ထူးဆန်းပြီး ကြောက်စရာအသံတွေကို ကြားခဲ့ရကြောင်း၊ အဲဒီအသံတွေ ဘယ်ကလာသလဲဆိုတာ ပညာရှင်တွေကလည်း ရှင်းပြနိုင်ခြင်းမရှိဘူးလို့ ဆိုခဲ့ပါတယ်။
Yang က သူကြားခဲ့ရတဲ့ အသံဟာ ဘာနဲ့တူသလဲဆိုရင် တစ်စုံတစ်ယောက်က သံရေပုံးကို တူနဲ့ထုနေတဲ့ အသံမျိုးနဲ့တူ
ကြောင်း နှိုင်းယှဉ်ပြခဲ့ပါတယ်။ သူဟာ ဂြိုဟ်သားတွေနဲ့ပတ်သက်တဲ့ သီအိုရီတွေကို ရှင်းမပြနိုင်ပေမယ့် ဒီအသံကို သေချာ
ကြားခဲ့ရကြောင်း ဒါပေမယ့် ကမ္ဘာမြေကို ပြန်လာတဲ့ လမ်းကြောင်းတစ်လျှောက်မှာတော့ မကြားရတော့ကြောင်း ဆိုပါ
တယ်။


Yang ဟာ 2003 ခုနှစ်မှာ တရုတ်အာကာသလေ့လာရေးအစီအစဉ်အရ အာကာသထဲကို စေလွှတ်ဖို့ ပထမဆုံး ရွေးချယ်ခံခဲ့ရတဲ့ အာကာသယာဉ်မှူးတစ်ယောက် ဖြစ်ပါတယ်။ ၎င်း ပျံသန်းခဲ့တဲ့ ခရီးစဉ်ဟာ 21 နာရီ ကြာမြင့်ခဲ့ပါတယ်။ Yang က ” အဲဒီအသံက ဘယ်ကလာတယ်ဆိုတာ မသိပါဘူး … အာကာသထဲက လာတာမဟုတ်သလို အာကာသယာဉ်ထဲကနေ ထွက်တဲ့ အသံလည်း မဟုတ်ပါဘူး ..”လို့ ပြောခဲ့ပါတယ်။

၎င်းက ဆက်လက်ပြီး ” ဒါပေမယ့် တစ်စုံတစ်ယောက်က အာကာသယာဉ်ရဲ့ ကိုယ်ထည်ကို တစ်ခုခုနဲ့ ထုနေတဲ့ သဘောမျိုး ခံစားမိပါတယ် … ဘာနဲ့တူသလဲဆိုရင် သံရေပုံးကို တူနဲ့ ထုနေတဲ့အတိုင်းပါဘဲ ” လို့ ပြောခဲ့ပါတယ်။ မြေပြင်ကို ပြန်
ရောက်တဲ့အခါမှာ အထက်လူကြီးတွေကိုလည်း အစီရင်ခံခဲ့ပြီး စုံစမ်းနေဆဲသာ ရှိပါတယ်။

Yang ရဲ့နောက်ပိုင်းမှာ အာကာသအတွင်းကို ရောက်ခဲ့ကြတဲ့ အာကာသယာဉ်မှူးတွေလည်း ထူးဆန်းတဲ့အသံတွေ ကြားခဲ့ရကြောင်း သိရပါတယ်။ Yang ကလည်း ၎င်းအာကာသယာဉ်မှူးများကို မှာကြားခဲ့ရမှာ အာကာသထဲမှာ အသံတွေ
ကြားရတာ သဘာဝဖြစ်စဉ်တစ်ခုလို ဖြစ်ကြောင်း၊ ဘာမှ ကြောက်စရာမလိုကြောင်း မှာကြားခဲ့တယ်လို့ သိရပါတယ်။

နတ်စည်တော် (Shwemom)
Loading...