မန္တလေးသားတွေကြား ဟိုးလေးတကျော် ပျံ့နှံ့သွားတဲ့ ပထမဆုံး လူကြီးကစားစရာအရုပ် အော်ဒါမှာသူ


_________________________________________________________

သတင်းထောက်ကြီး ဖိုးစမ်းချောင်း တစ်ယောက် အရုပ်အော်ဒါ မှာထားပြီကြားသည်။ လူကြီးဆော့သော အရုပ်ဖြစ်သည်။ ထိုသတင်းသည် မန္တလေးသားတွေကြားမှာ တမုဟုတ်ချင်း ပျံ့နှံ့သွားကာ ဟိန်းဟိန်းဟုန်းဟုန်း ကျော်လေသည်။ ဂျပန်က လူကြီးကစားစရာ အရုပ်တွေကို နေပြည်တော်မှ မှာယူမှုအများဆုံးဖြစ်ကြောင်း သတင်းတွေ ထွက်အပြီး၊ မန္တလေးမှာတော့ ဖိုးစမ်းချောင်းက ပထမဆုံး အရုပ်အော်ဒါမှာသူ ဖြစ်မည်ထင်သည်။ အခုတလော ကွမ်းဖိုး၊ ဆေးဖိုးမှ အနိုင်နိုင်ဖြစ်နေသော သတင်းထောက်က အခုလို သိန်းသုံးဆယ်တန် အရုပ်မျိုးဝယ်တယ်ဆိုတော့ တချို့တွေလည်း အံ့ဩသည်။ 

သို့သော် ဖိုးစမ်းချောင်းကား ဤမှာဘက်တွင် အင်မတန် ကြံရည်ဖန်ရည် ကောင်းသူဖြစ်ကြောင်း ကျွန်တော်ကတော့ သိပါသည်။ "ဘာပြောပြော အနည်းဆုံးတော့ တံခွန်တိုင်ဘက်သွားရတာ သက်သာတာပေါ့ဗျာ" ဟု သူကဆိုပါသည်။ မနေကတော့ ကိုယ့်လူဆီ အရုပ်အော်ဒါရောက်ပြီဆိုတော့ သူငယ်ချင်းအရင်းကြီး ဖြစ်သည့် ကျွန်တော်လည်း ခဏလေးမှ ပေးသုံးနိုး သူ့ဆီသွားလည်ဖို့ ကြံရပါသည်။ 

တစ်နေ့က အင်တာနက်မှ ထိုအရုပ်နှင့် ပတ်သက်ပြီး ဗွီဒီယိုဖိုင် ကြည့်လိုက်ရသည်။ အင်မတန် အဆင်ပြေသော အရုပ်ဖြစ်သည်။ လူအများ စိုးရိမ်ကြသလို အသုံးပြုပြီး သန့်ရှင်းရေးလုပ်ဖို့ခက်ခဲသည်လည်း မဟုတ်ပေ။ ထိုအစိတ်အပိုင်းကို ဖြုတ်တပ် လဲလှယ်နိုင်ပြီး အပိုပစ္စည်းတွေပါ ဆိုဒ်မျိုးစုံ ထည့်ပေးထားသည်။ 

အမှန်ပင် အသားအရေ ကအစ လူနှင့် မခြားပါပေ။ မိန်းမယူသလို မလှမှာလည်း မပူရ။ စိတ်ကောက်မှာလည်း မကြောက်ရ။ သဝန်လည်း မတိုတတ်သလို၊ နေ့တိုင်းဖုန်းဆက်ဖို့လည်းမလို။ အင်မတန် အဆင်ပြေသော အရုပ်ပါပေ။ ဖိုးစမ်းချောင်းကို လိုက်ရှာသည်။ သူ့ရုံးမှာလည်း မတွေ့။ ခွင့်ယူထားသည်ဆိုသည်။ ဒီလူဟာ အရုပ်ဝယ်ထားကာစဆိုတော့ ခွင့်ယူပြီး ကောင်းကောင်းနှပ် မလို့နေမှာပေါ့။ ရတနာပုံ သတင်းထောက် ကိုသန့်စင်ထံသွားပြီး သူ့အိမ်လိပ်စာကို စုံစမ်းရသည်။ ကိုသန့်စင်က အရုပ်နှင့် ပတ်သက်ပြီး ပို၍ ပြည့်စုံစုံ ပြောပေးလိုက်ပါသည်။ ဖိုးစမ်းချောင်း ဝယ်ထားသော အရုပ်မှာ သာမန်ရောင်းတန်း အရုပ်မဟုတ်ကြောင်း၊ အထူးအော်ဒါမှာထားသော အရုပ်သာ ဖြစ်ကြောင်း။ ယခုအခါ ငွေကြေးတတ်နိုင်သူအများစု ထို့သို့ပင် အထူးအော်ဒါမှာကြကြောင်း စသဖြင့် သူ့မိန်းမ မျက်စောင်းခဲနေသည့်ကြားမှပင် နှုတ်ခမ်းတသပ်သပ်ဖြင့် ရှင်းပြပါရှာပါသည်။ "မင့်လူ ဝယ်တဲ့ အရုပ်က လူလိုပဲတဲ့မောင်၊ အခန်းထဲမှာ သူ့ကိုထည့်ထားပြီး ညနေ ကိုယ်အိမ်ပြန်လာလို့ အရုပ်ရှိတဲ့ အခန်းထဲ ဝင်သွားတာနဲ့ အရုပ်က သူ့အလုပ်သူ အော်တို တန်းလုပ်တော့တာပဲတဲ့၊ ကိုယ်က အထွေအထူး ဘာမှ အမိန့်ပေးနေဖို့မလိုဘဲ သူ့အလုပ်သူ တန်းလုပ်နိုင်တဲ့ ပရိုဂရမ် သွင်းထားတာတဲ့မောင်" "ခင်ဗျားက မြင်ဖူးသလား" "ဟ မမြင်ဖူးပေမယ့် အဲဒီအရုပ်သူမမှာခင် ဂျပန်ကကြော်ငြာကို ပရင့်ထုတ်ပြီး သူပေးဖတ်လို့ ငါကိုယ်တိုင် ဖတ်လိုက်ရတာမောင်" "အားပါး မိုက်တယ်ဗျာ၊ ကျွန်တော်တောင် ဝယ်ချင်လာပြီ" "မိုက်တာတော့ မပြောနဲ့မောင်ရေ မင့်လူ ရုံးမတက်နိုင်တာကို နှစ်ရက်ရှိပြီ" ကျွန်တော်လည်း ကိုသန့်စင် ပြောသောစကားကိုမှ ဆုံးအောင်နားမထောင်နိုင်တော့ဘဲ ဆိုင်ကယ်ပေါ်တက်ခွကာ ကိုသန့်စင်ညွှန်လိုက်သော ဖိုးစမ်းချောင်းငှားနေသော အိမ်ခန်းကို ဇွတ်မြန်းခဲ့ပါတော့သည်။ ကိုသန့်စင်တစ်ယောက်တော့ ဖိုးစမ်းချောင်း အရုပ်ဝယ်ပြီ သတင်းကြားကတည်းက သူ့ကို အိမ်ထဲမှ အိမ်ပြင် မထွက်စေသော သူ့မိန်းမကို မကျေမချမ်း ရေရွတ်ကာ ကျန်ခဲ့ပါတော့သည်။ ဖိုးစမ်းချောင်းနေတဲ့ အိမ်ရောက်တော့ သော့ခတ်ထားသော တံခါးရှေ့မှာ မောင်ဖိုးငယ်နှင့် ချောနကျယ်တို့နှစ်ယောက် မုဆိုးထိုင်ထိုင်နေသည်ကို တွေ့ရပါတော့သည်။ သူတို့ပုံစံတွေက တစ်ခုခုကို ငံ့လင့်နေသလိုလို။ ကျွန်တော် အိမ်ဝင်းထဲဝင်လာတော့ သင်းတို့တွေ မျက်နှာတော်တော်ပျက်သွားသည်။ ဝေစုခွဲပေးရမှာပဲ မကျေနပ်သလိုလို။ ဒီနှစ်ကောင် ဘယ်လိုက ဘယ်လို သတင်းရသည်မသိ။ သင်းတို့နှစ်ကောင်သည် ဒါမျိုးကိစ္စမှာ တော်တော်လောဘကြီးကြသူများ ဖြစ်သည်။ "ဖိုးစမ်းချောင်းကြီးရော ကိုချော" "နေမကောင်းလို့ ဆေးခန်းသွားပြတယ်လို့ အိမ်နီးချင်းတွေ ပြောတာပဲ" ဟု မဖြေချင့် ဖြေချင်ဖြေပါသည်။ "ဒါနဲ့ အရုပ်ရော" ကျွန်တော်လည်း လိုရင်းကိုသာ မေးလိုက်သည်။ "အခန်းထဲမှာနေမှာပေါ့ဗျာ" ဟု ဖိုးငယ်က စိတ်မသက် မသာဖြေသည်။ ထိုစဉ် အိမ်ရှင်ပြန်ရောက်လာပြီး "မင်းတို့က ဖိုးစမ်းချောင်း အမျိုးတွေလား။ ဒီမှာ ဖိုးစမ်းချောင်းက သူ့အခန်းသော့ ပေးခဲ့တယ်။ ဒါပေမယ့် အထဲက သော့ပိတ်ထားတဲ့ အခန်းထဲတော့ ဖွင့်မဝင်ပါနဲ့လို့လည်း သေချာမှာသွားတယ်" "ဒါနဲ့ သူက ကြာမယ်ပြောသွားလား ဦးလေး" "အမ်… မသိပေါင်ကွာ မနေ့ညက သူ့အခန်းဘက်က စူးစူးဝါးဝါး အော်သံကြားပြီး၊ မနက်ကတော့ ဆေးခန်းသွားဖို့တဲ့ သူ့သူငယ်ချင်းစည်သူထက် ကားနဲ့လာခေါ်သွားတာ တွေ့တာပဲ" ဒီလူနှစ်ယောက် ကဲချင်တိုင်းကဲပြီးမှ ယခု ဆေးခန်းမှာ ဘာသွားလုပ်ကြသည်မသိ။ ကျွန်တော် တွေး၍ မှ မဆုံးမီ လက်သွက်သော ချောနကျယ်က အဖိုးကြီးလက်မှ သော့ကို ပြေးယူသည်။ လျှင်မြန်သော ဖိုးငယ်က ကျွန်တော့်ကို သိုင်းဖက်ပြီး လှုပ်မရအောင် ချုပ်ထားလိုက်သည်။ ဒီနှစ်ကောင် ညစ်သည်ကို ကျွန်တော်ခံရပေပြီ။ ထို့နောက် ချောနကျယ်က အခန်းထဲဝင်ပြေးဝင်သွားသည်။ "ဗျို့ကိုချော မြန်မြန်လုပ်ဗျို့ ခင်ဗျားပြီးရင် သည်လူ့ကို လာချုပ်ထားပေး ကျွန်တော်ဆက်ဝင်မယ်" အကြံပိုင်ကြပါဘိ။ တစ်ယောက်တလည့်စီ ကျွန်တော့်ကို ချုပ်ထားပြီး အရုပ်ဆီ သွားကြမယ်ပေါ့။ "အား ဝူး အောင်မယ်ငီး ၊သေပါပြီ အရပ်ကတို့ရေ" အခန်းထဲမှ ချောနကျယ် အသံကိုကြားပြီး ငဖိုးငယ်တစ်ယောက် သွားရည်တွေ တမျှားမျှား ကျနေသည်။ ခဏနေတော့ အခန်းထဲမှ ချောနကျယ်လေး လေးဘက်ထောက်ထွက်လာသည်။ "မြန်မြန်လာဗျာ သည်လူ့ကို လာချုပ်ထား" ဖိုးငယ်က ဒီလိုပြောသော်လည်း ချောနကျယ်ကား လက်သာကာပြ နိုင်တော့သည်။ သို့သော် ဖိုးငယ်မှာ ဤမှာဘက်တွင် လောဘကြီးသူဖြစ်ရကား ချောနကျယ်ကို မစောင့်နိုင်တော့သည့်အလား ကျွန်တော့်ကို တွန်းလှဲပစ်ပြီး အခန်းထဲသို့ အပြေးဝင်က တံခါးကိုအတွင်းမှ ချက်ချပစ်လိုက်ပါတော့သည်။ ခနနေတော့ အသံဗလံတွေ စကြားရပါတော့သည်။ "အား အီး၊ ဟူး ဟူး ဝါး အောင်မငီး" ချက်ချထားသော အခန်းထဲမှ အသံမျိုးစုံထွက်လာသည့် တပြိုင်နက်မှာပင် ကိုစည်သူထက်ကားလေး အိမ်ဝင်းထဲမောင်းဝင်လာတာတွေ့ရသည်။ "ဟာ… ဟေ့လူတွေ အခန်းထဲ ဘာဝင်လုပ်တာတုန်း" ကျွန်တော်လည်း အနည်းငယ် ရှက်ရွံ့သွားရင်းက မထူးတော့ပြီမို့ အမှန်ကိုဝန်ခံ လိုက်ရပါသည်။ "ဟို အရုပ်လာကြည့်တာပါ" "သေကုန်တော့မှာပဲ၊ အခု အခန်းထဲကို ဘယ်နှယောက်ဝင်ပြီး ပြီတုန်းပြော" "ဟောဟိုနားမှာ မြော့မြော့လေး ခွေနေတဲ့ ချောနကျယ်ရယ်၊ အခု အခန်းထဲမှာ အော်နေတဲ့ ဖိုးငယ်လေးရယ်ပါ" "အခုဘယ့်နှယ့် ရှိကြတုန်းဟင်၊ ငါရိုးမလူတွေ၊ ခင်ဗျားတို့ သူငယ်ချင်း ဖိုးစမ်းချောင်းကိုတောင် ကျုပ်အခုပဲ ဆေးခန်းပို့ပြီး ပြန်လာတာ၊ ဟောအခု နောက်ထပ် ထပ်ပို့ရဦးမယ်" "ဘယ်​လို ဖြစ်လို့တုန်း ကိုစည်သူ" "ဘယ်လိုဖြစ်ရမတုန်းဗျ။ အရုပ်စက်ရုံက ဖိုးစမ်းချောင်းမှာတဲ့ အော်ဒါကို အခြောက်တွေ မှာတဲ့ အော်ဒါနဲ့ မှားပြီး ပို့လိုက်တာလေ၊ မိန်းမရုပ်မဟုတ်ဘဲ ယောက်ျားရုပ်ကြီးဗျ၊ ပြီးသူက အော်တိုမက်တစ် စစ်စတမ်ပါ ပါတော့၊ အထုပ်ဖွင့်ပြီး လူသံကြားတာနဲ့ တန်းဝုန်းတော့တာပဲ၊ အဲဒါ ခင်ဗျားတို့ ဖိုးစမ်းချောင်းလည်း မနေ့ညက မူးမူရူးရူးနဲ့ အရုပ်ထုပ်ကို သွားဖွင့်မိတာ အဝုန်းခံရလို့ အခု ဆေးရုံပို့ထားခဲ့ရပြီ" "ဒါဆို" "အခု အထူးကြပ်မတ်ကုသဆောင်မှာလေ" "ဒါဖြင့် အထဲက ဖိုးငယ်လေးကို ဘယ်လို လုပ်ကြမတုန်းဗျာ၊ သူက အခန်းကို အတွင်းက ချက်ချထားတာ" "စက်အရှိန်ကုန်တဲ့ အထိ သည်အတိုင်းသာ လွှတ်ပေးထားလိုက်ရတော့မှာပေါ့ဗျာ၊ ခဏနေမှ ခင်ဗျားနဲ့ကျွန်တော် ထမ်းထုတ်ကြတာပေါ့" .

 Credit - Aungmyothu Lwin