Breaking News


လူ့ဘဝတုန်းက သတ်ပြီးမြုပ်ခဲ့တဲ့နေရာ(မီးစက်ကြီး)အောက်ကိုလိုက်ပြတယ်

Loading...






သရဲတွေလည်းအုံလိုက်ကျင်းလိုက်နေတာဆိုတဲ့....မှော်ဘီအထည်ချုပ်စက်ရုံ
မှော်ဘီအထည်ချုပ်စက်ရုံ တစ်ခုထဲမှာ သရဲပူးနေတာ။ လေးငါးရက်ရှိပြီ ။ သရဲကလည်းအုံလိုက်ကျင်းလိုက်နေတာတဲ့....

ဒီနေ့သရဲတွေကို တစ်ဆယ့်ခုနှစ်ကောင်ရှိတယ်ဆိုလို့ ဘုန်းကြီး ၁၇ပါးပင့်ပြီး ပရိတ်ရွတ် အမျှဝေတယ်။
စက်ရုံမှာ ဝန်ထမ်းတွေ သုံးထောင်ကျော် ရှိတယ်။ အားလုံးအလုပ်ရပ်ပြီး တရားနာကြတယ်။
ဘုန်းကြီးတွေက အမျှဝေဖို့ ခေါ်တဲ့အခါ ။ စက်ရုံကအလုပ်သမလေးတွေကို ဝင်ပူးတာ အယောက်လေးဆယ်လောက်ဖြစ်သွားတယ်။ အချို့ဝင်ပူးခံရတဲ့သရဲဆို မျကိထောင့်နီနဲ့ကြည့်ခြေထောက်တွေနဲ့ စောင့်ကန်ဘအဲ့လောက်ထိဆိုးတယ်ပြောပါတယ်။

သရဲဝင်ပူးတော့ ပထမ ၁၇နှစ်ကောင်အား သရဲကြီး တစ်ကောင်က ထိန်းပေးထားပေမယ့် အယောက်လေးဆယ်လောက်ဝင်ပူးတဲ့အခါ မနိုင်ဘူးဖြစ်သွားကြတယ်။

---
သရဲစပူးတုန်းက ဆရာဆိုတာ တစ်ယောက်လာတယ်။ ဘာသရဲမှ မရှိပါဘူးပြောလို့ သရဲတစ်ကောင်က စက်ရုံက ဝန်ထမ်းကလေးမတစ်ယောက်ကိုပူးပြီး ဝက်အူလှည့်နဲ့ ခါးကို ထောက်ပြီး သူ့ကို လူ့ဘဝတုန်းက သတ်ပြီးမြုပ်ခဲ့တဲ့နေရာ(မီးစက်ကြီး)အောက်ကိုလိုက်ပြတယ်။ ဆရာကလည်း သိပ်စွမ်းမစွမ်းမရပြောတတ် ဝက်အူလှည့်ထောက်ခံပြီး  စက်တန်းထဲ သရဲခေါ်တဲ့နေရာ လိုက်ကြည့်ရတယ်ပြောတယ်။
---
သရဲတွေက နေခဲ့တာ အတော်ကြာပြီး ဟိန္ဒူ ကုလားတွေ ဖြစ်ကြောင်း သိရတယ်။ အရင် ဖိနပ်စက်ရုံတုန်းကတော့ ပိုင်ရှင်က တစ်လတစ်ခါ နွားနို့တိုက်တာတို့ ကုလားပြတာတို့ လုပ်ပေးတယ်လို့ပြောပါတယ်။
-----
 အခုစက်ရုံပိုင်ရှင်ကတော့ အရင်က မယုံကြည်ဘူးပြောပေမယ့် အခုတော့ စီးပွားထိခိုက်လောက်အောင်ဖြစ်လာတဲ့အတွက် စိတ်ညစ်နေကြောင်းသိရပါတယ်။
----
နောက်ထပ်သတင်းများရရင် ဆက်တင်ပေးပါ့မယ်။

ရွှေရုပ်

ဖိုတို -ကိုကျော်ကျော်မင်း

MyMedia
MMBREAKINGNEWS
Loading...