Breaking News


ချောင်းနှစ်ခွရဲစခန်း၌ ရဲအချင်းချင်း အဝေမတည့်သဖြင့် ရဲတပ်သားက စခန်းမှူး၏လည်ပင်းအားထိုး


Loading...


၂၀-၁၁-၂၀၁၆ရက်နေ့ ည(၁၀)နာရီအချိန်ခန့် တွင် မွန်ပြည်နယ်ကျိုက်မရောမြို့ နယ် ချောင်းနှစ်ခွရဲစခန်း၌ရဲအချင်းချင်းဓါးထိုးမှုဖြစ်ပွါးခဲ့ပါသည်။ဖြစ်စဉ်အသေးစိတ်မှာ ရဲတပ်သား ထက်မြတ်ဝင်းအား ဂိတ်တာဝန်မချသဖြင့် ပိုက်ဆံမရသောကြောင့်အခြေအတင်စကားများရာ စခန်းမှူးမှ ထိုးကြိတ်ခဲ့သဖြင့် အဆိုပါရဲတပ်သားမှ အိမ်သို့ ဓါးပြန်ယူပြီး စခန်းမှူး၏လည်ပင်းအားထိုးခဲ့ရာ ရှောင်တိမ်းလိုက်သဖြင့်ဝဲဘက်ပုခုံးပြတ်ရှဒဏ်ရာရရှိခဲ့ပြီးဒဏ်ရာအား(၈)ချက်ချုပ်လိုက်ရပါသည်။

၉-၁၁-၂၀၁၆ ရက်နေ့ တွင် သစ်ကားတစ်စီးအားငွေကြေးရယူပြီးစခန်းမှူးမှ မတရားဖမ်းဆီးခြင်းတောင်ကလေးကင်းမှူးမှ သွားလာနေသည့်ယာဉ်များအားမူးယစ်၍တားဆီးခြင်းငွေကြေးတောင်းခံခြင်း ယာဉ်/ယာဉ်မေါင်းလိုင်စင်များအား အကြောင်းမဲ့သိမ်းယူခြင်းဒုရဲအုပ် သီဟအောင် ဒုရဲအုပ်ဇေယျာလင်းတို့ မှတရားမဝင်လိုင်စင်မဲ့ကားများအားချိတ်ဆက်ပို့ ဆောင်ခြင်းနှင့်အချင်းချင်းသင့်မြတ်မှုမရှိကြောင်းတို့ အား ပြည်ထောင်စုဝန်ကြီး(ပြည်ထဲရေး)နှင့် ရဲချုပ်တို့ ထံအသိပေးတိုင်ကြားခဲ့သော်လည်း တာဝန်ရှိသူမြို့ နယ်မှူး ပြည်နယ်မှူးများမှ အရေးယူဆောင်ရွက်ခြင်းမရှိခဲ့သောကြောင့်ယခုကဲ့သို့ ငွေကြေးကိစ္စအားအကြောင်းပြု၍အချင်းချင်းဓါးထိုးမှုတောင်ဖြစ်ပွါးခဲ့ရပါသည်

ဂိတ်တာဝန်ချထားခြင်းမှာ လုံခြုံရေးတာဝန်ဆောင်ရွက်ရမည်ဖြစ်သော်လည်းလုံခြုံရေးထက် ငွေကြေးတောင်းခံရေးကိုသာအဓိကလုပ်နေသဖြင့် ဂိတ်တာဝန်မချသောအခါအဆိုပါ ရဲတပ်သားမှာ အများနည်းတူပိုက်ဆံမရ၍ယခုကဲ့သို့ ပြဿနာဖြစ်ပွါးရပါတော့သည်။ယခုကဲ့သိုဒေသခံလူထုနှင်အဆင်မပြေပါကရေရှည်တွင်အလားအလာကောင်းလိမ့်မည်မဟုတ်ပါကြောင်းထပ်မံ၍လူကြီးမင်းများအားအသိပေးတင်ပြတိုင်ကြားအပ်ပါသည်ခင်ဗျား . . .Credit - Lin Lin
Loading...