Breaking News

အပန်းဖြေခရီးမှပြန်လာတဲ့ ဘတ်စ်ကားလျှိုမြောင်ထဲထိုးကျပြီး ၁၈ ဦး သေဆုံး


Loading...
ဘတ်စ်ကားပေါ်မှာ အပန်းဖြေခရီးမှပြန်လာတဲ့ အငြိမ်းစားဝန်ထမ်းများ စီးနင်းလိုက်ပါကြောင်း သိရပါတယ်

ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ဘတ်စ်ကားတစ်စီး လျှိုမြောင်အတွင်း ထိုးကျသွားမှုကြောင့် လူ ၁၈ ဦး သေဆုံးသွားပါတယ်။ လျှိုမြောင်ထဲထိုးကျသွားတဲ့ ဘတ်စ်ကားပေါ်မှာ အပန်းဖြေခရီးမှပြန်လာတဲ့ အငြိမ်းစားဝန်ထမ်းများ စီးနင်းလိုက်ပါကြောင်း သိရပါတယ်။မတော်တဆမှုအတွင်း သေဆုံးသွားသူအားလုံးဟာ ထိုင်းအစိုးရပိုင် CAT Telecom ဆက်သွယ်ရေးကုမ္ပဏီမှဖြစ်ပြီး ထိုင်းမြောက်ပိုင်း တောင်တန်းဒေသမှ ဘန်ကောက်မြို့ကို ပြန်လာခဲ့တာ ဖြစ်ပါတယ်။ ဘတ်စ်ကား လျှိုမြောင်အတွင်း ထိုးကျမှုအတွင်း လူ ၁၈ ဦး သေဆုံးပြီး အခြား လူ ၂၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ဘတ်စ်ကားမောင်းနှင်သူဟာ ယခု ခရီးလမ်းမှာ မောင်းနှင်နေကျ မဟုတ်ခဲ့တာကြောင့် လျှိုမြောင်အတွင်း ထိုးကျခဲ့တာဖြစ်ကြောင်း အူတာရာဒစ်ပြည်နယ် ရဲတပ်ဖွဲ့စခန်းမှူးက အေအက်ဖ်ပီသတင်းကို ပြောပါတယ်။ မတော်တဆမှုအတွင်း ဘတ်စ်ကားယာဉ်မောင်းလည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဘတ်စ်ကားဟာ လမ်းဘေးအတားအဆီးများကို တိုက်မိပြီး ၁၆၄ ပေနက်တဲ့ လျှိုမြောင်အတွင်း ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ လမ်းမတွေဟာ မတော်တဆမှုဖြင့် လူသေဆုံးမှုနှုန်းအရ ကမ္ဘာမှာ ဒုတိယမြောက် အန္တရာယ်အများဆုံးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ၂၀၁၅ ခုနှစမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
WHO ရဲ့ ခန့်မှန်းချက်အရ ထိုင်းနိုင်ငံရှိ လမ်းမများပေါ်မှာ ယာဉ်မတော်တဆမှုတွေကြောင့် နှစ်စဉ် လူ ၂၄,၀၀၀ ခန့် သေဆုံးကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံထက် လမ်းမများပေါ် မတော်တဆမှုကြောင့် လူသေဆုံးမှုအများဆုံး နိုင်ငံမှာ လစ်ဗျားနိုင်ငံဖြစ်ပါတယ်။
Source & Photo: AFP
Duwun
Loading...