Breaking News


ဂျန်းရှင်းစကွဲအနီး ဆောက်လုပ်ဆဲ အဆောက်အအုံပေါ်မှ အလုပ်သမားတစ်ဦး ပြုတ်ကျသေဆုံး


Loading...

ကမာရွတ်မြို့နယ် ကျွန်းတောလမ်းပေါ်က ဂျန်းရှင်းစကွဲနဲ့ ဆက်စပ်အဆောက်အအုံဖြစ်တဲ့ ဆောက်လုပ်ဆဲ Crystal Tower & Residence မှ ဆောက်လုပ်ရေးလုပ်သားတစ်ဦး ပြုတ်ကျသေဆုံးခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၃ ရက် နေ့လယ် ၂ နာရီခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အထပ် ၂၀ က ဘိလပ်မြေသယ်နေတဲ့ တာဝါကရိန်းကြိုးပြတ်ကျရာမှာ ၁၉ လွှာမှာရှိနေတဲ့ ဆောက်လုပ်ရေးလုပ်သားတစ်ဦး ထိခိုက်ပြီး အောက်သို့ ပြုတ်ကျ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ခြောက်ထပ်ထိပြုတ်ကျသွားပြီး ဘိလပ်မြေတွေဖုံးအုပ်နေခဲ့ကာ မိနစ်အတန်ကြာမှ အုတ်ခဲသယ်ကားနဲ့ဆေးရုံကို ပို့ဆောင်ခဲ့ပေမဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဖြစ်ရပ်ကို ကမာရွတ်ရဲစခန်းက သေမှုသေခင်းအဖြစ် အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။
Photos & Source: 7Day Daily
Loading...